Episodes 1 to 10 End
Translated By Rashida And Encoded By Lin Htike Aung
IMDb: 7.7/10
Rotten Tomatoes: 93%
Genres: Crime | Drama | Romance | Thriller
Translator: Rashida
Encoder: Lin Htike Aung
1080p WEB H264 (Average 900MB), 720p WEBRip H265 (Average 600MB)
Link type: OneDrive, GoogleDrive, Soliddrive
အချစ်ဆိုတာဘာလဲ။
စာအုပ်ဆိုင်လေးတစ်ဆိုင်ရဲ့ မန်နေဂျာဖြစ်တဲ့ ဂျိုးရဲ့အဖြေက ရှင်းရှင်းလေးပါပဲ။ ကိုယ်ချစ်တဲ့သူအတွက် ဘာမဆိုလုပ်တာတဲ့ တကယ့်ကို ဘာမဆိုပါ။
အချစ်ဟောင်းရဲ့ သစ္စာဖောက်မှုကို ခံရပေမဲ့ ဂျိုးကတော့ အချစ်စစ်ဆိုတာတကယ်ရှိတယ်ဆိုပြီး မျှော်လင့်နေဆဲပါ။ တစ်နေ့မှာဂျိုးကမ္ဘာထဲကို ဘက်ဆိုတဲ့ စာရေးဆရာမဖြစ်ချင်သူလေး ရောက်လာပါတယ်။
ဘက်နဲ့တွေ့ပြီးတော့ အချစ်အတွက်ဘာမဆိုလုပ်မယ်ဆိုတဲ့ အရာကအသက်ဝင်လာတယ်။ ဘက်ကို အန္တရာယ်တွေက ကာကွယ်ဖို့ ဘက်ဘဝလေးလုံခြုံဖို့က သူ့တာဝန်လို့ ဂျိုးကခံယူထားတယ်။
ဂျိုးက ဘက်နောက်ကိုမသိအောင်လိုက်တယ် ဘက်အိမ်ကိုမသိအောင်ဝင်တယ် ဘက်အကြောင်းတွေအားလုံးစုံစမ်းတယ်။ သူ့အတွက်ကတော့ ဒါသူအချစ်အတွက်လုပ်နေတာ။ ဘက်ကိုလုံခြုံအောင် လုပ်ပေးချင်လို့။
ဂျိုးပထမဆုံး ဘက်ကိုကာကွယ်ပေးရမှာက ဘက်ရဲ့မကောင်းတဲ့ရည်းစား ဘန်ဂျီရန်ကပဲ။ ဂျိုးက ဘန်ဂျီကိုမြေအောက်ခန်းထဲမှာ ဖမ်းလိုက်တယ်။ ဒါပေမဲ့ ဂျိုးက လူသတ်သမားလဲမဟုတ်ပြန်တော့ ဘန်ဂျီ့ကို ဘာဆက်လုပ်ရမလဲမသိပြန်ဘူး။ ပြီးတော့ ဘက်ရဲ့ အန္တရာယ်တွေကလည်း ဒီတစ်ယောက်ထဲရှင်းယုံနဲ့မပြီးသွားဘူး။ နောက်ဘယ်နှစ်ယောက်ကို ဂျိုးက ထပ်ဖမ်းရဦးမလဲ။ ပြီးရင်ရောဘာဆက်လုပ်မလဲ။
အခုလောက်ဆို ဂျိုးအချစ်တွေက ဆိုက်ကိုဆန်နေတာ သတိထားမိမှာပါ။ ဒါတွေကို ဘက်သိသွားရင်ရော ဘယ်လိုတွေဆက်ဖြစ်မလဲ။စဉ်းစားကြည့်လေ ကိုယ့်ကိုဘယ်လောက်ချစ်တယ်ပြောပြော ကိုယ်မသိအောင် ကိုယ့်နောက်လိုက်နေတာ ကိုယ့်အိမ်ကိုဝင်တာ ကိုယ်တောင်မသိတဲ့ ကိုယ့်ပြသနာတွေကို လိုက်ရှင်းနေတယ်ဆိုတာ စဉ်းစားကြည့်တာနဲ့ ကျောချမ်းစရာပဲ။
ဒီဇာတ်လမ်းရဲ့ ထူးခြားမှုက ဂျိုးက ဆိုက်ကိုဆန်ပေမဲ့ သူ့ကို လူဆိုးလုံးလုံးဖြစ်အောင် ဇာတ်မသွင်းထားဘူး။ သူကလူတွေကို ကူညီတယ် သူ့ဘာသာသူအေးဆေးနေတယ် စာအုပ်စာပေတွေဖတ်တယ်။ တဖက်မှာလည်း ဘက်က တကယ်စွဲလမ်းချင်စရာ မိန်းကလေး သူ့ဘဝလေးကိုသူအကောင်းဆုံးကြိုးစားတည်ဆောက်နေတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ သူကလည်း ဇယားလေးတွေရှုပ်တယ် အကွက်လေးတွေရွှေ့တယ်။ ဂျိုးရဲ့အချစ်နဲ့ မတန်ဘူးတောင် ပြောရမလိုပဲ။
အဲ့လို ဒွန်တွဲထားတော့ ဘယ်သူ့ကို ဒေါသဖြစ်ရမယ် မသိသလို ဘယ်သူ့ကိုသနားရမယ်မှန်းမသိပြန်ဘူး။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လဲ မဝေဖန်နိုင်ပြန်ဘူး။
တစ်ခါတစ်လေ ရုပ်ရှင်တွေကြည့်ရင် အဆုံးသတ်ကို ခန့်မှန်းလို့မရတာမျိုးလေးတွေ ရှိတယ်မလား။ ဒီကားမှာတော့ အဆုံးသတ်မှာ ကိုယ်ဘာဖြစ်စေချင်တယ်ဆိုတာတောင် တွေးလို့မရနိုင်တော့အောင် ကိုယ့်စိတ်ကို ဆိုက်ကိုဆန်ဆန်လှည့်စားသွားမဲ့ ကားမျိုးမို့ အားလုံးပဲ
ကြည့်ရှူအားပေးကြပါဦး။
အညွှန်းရေးပေးထားတာကတော့ Rashida ပဲဖြစ်ပါတယ်။
အသက် ၁၅နှစ်အထက်သူတွေပဲကြည့်ရှူဖို့ တိုက်တွန်းလိုပါတယ်။
ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲမှာ မိသားစုနဲ့အတူ
ကြည့်ရှူလို့မသင့်တဲ့အခန်းတွေပါဝင်နေလို့ပဲဖြစ်ပါတယ်။
MMSUBTITLES.CO
CHANNEL MYANMAR
No comments:
Post a Comment