Latest Movie :

Plerng Boon ( 2017 )မီးလျှံကြားကသစ္စာ

Plerng Boon ( 2017 )
မီးလျှံကြားကသစ္စာ

Episodes 1 to 25 End

ဇာတ်လမ်း စ လယ် ဆုံး ဇာတ်ရှိန်မြင့်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ အိမ်ထောင်ရေးဇာတ်လမ်းနဲ့အတူ ပညာပေးလေးတွေပါ ထည့်သွင်းရိုက်ကူးထားပါတယ်။

Casts...
- ရတ် အဖြစ် (Pong)
- ဖျင် အဖြစ် (Bella)
-ကျိုင်ရန် အဖြစ် ( Jannie)
- ထည့်ဖန် အဖြစ် ( Louis Scott)
- ဝမ် အဖြစ် ( Bua) တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

▪ ဖျင် (Bella ) နဲ့ကျိုင်ရန် ( Jannie) တို့ဟာအရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပါ။ ကျိုင်ရန်က အဆင့်အတန်းမြင့်ပြီးချမ်းသာတဲ့
      မျိုးရိုးပါ။ ဖျင် ကတော့ သာမန်လူတန်းစားထဲကပါပဲ့။

▪ တစ်နေ့မှာ......ဖျင် (Bella) ရဲ့အိမ်နားကို ရတ် (Pong)ဆို
      တဲ့သူတစ်ယောက်ပြောင်းရွှေ့လာခဲ့ပြီး ဖျင်နဲ့ ရတ် တို့ဟာ
      လည်း သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်။

▪ ဖျင် ကနေ တစ်ဆင့် ရတ် နဲ့ကျိုင်ရန် တို့သိကျွမ်းခွင့်ရပြီး
     မိတ်ဆွေသူငယ်ချင်းအဆင့်ကနေ ချစ်သူအဆင့်ရောက်ခဲ့
     ကြတယ်။

▪ ဒါပေမယ့် ကျိုင်ရန် ဟာ သူ တို့မျိုးရိုးလောက် ငွေကြေးမချမ်းသာ
      တဲ့ ရတ် ကို စွန့်ပစ်ပြီး သူတို့ထက်ငွေကြေးချမ်းသာတဲ့
      ထည့်ဖန် ( Louis Scott) ဆိုတဲ့သူနဲ့လက်ထပ်သွားခဲ့
      တယ်။

▪ ရတ် ဟာအသည်းကွဲဝေဒနာကိုအလူးအလဲခံစားခဲ့ရပြီး ကျိုင်ရန်
      ကို အရမ်းနာကျည်းသွားခဲ့တယ်။

▪ တစ်နေ့မှာတော့...ရတ် ဟာ သူ့အပေါ် အမြဲကောင်းပြီး
      နားလည်မှုတွေပေးနိုင်တဲ့ ဖျင် ကို ဘဝလက်တွဲဖော်အဖြစ်ရွေး
      ချယ်လိုက်တော့တယ်။

▪ ကျိုင်ရန်ရဲ့အိမ်ထောင်ရေး ဘဝဟာ သူမထင်ခဲ့သလို မသာယာခဲ့
      ဘူး။ အိမ်ထောင်လည်းကွဲသွားခဲ့ပြီး နောက်ပိုင်း ရွှေဘုံပေါ်မှာ စံ
      နေခဲ့တဲ့သူမ ရဲ့ဘဝမှာ နေ့ချင်း ညချင်းဆိုသလို ပြိုလဲပြီး
      သူမမှာ ရှိတဲ့အရာတွေ တစ်ခုပြီးတစ်ခုကွယ်ပျောက်လာခဲ့တယ်။

▪ ကျိုင်ရန်ရဲ့ဘဝ ပျက်စီးနေချိန်မှာ ဖျင်ရဲ့ဘဝ ဟာ ရွှေရောင်
      တလက်လက်နဲ့ပေါ့။

▪ ကျိုင်ရန် နဲ့ ဖျင်ရဲ့ဘဝ ဟာ မိုးနဲ့မြေလို ကွာခြား လာခဲ့တယ်။
      ကျိုင်ရန်က ဖျင်အပေါ် မနာလိုမှုတွေပြည့်လာပြီး ရတ် ကို လည်း
      သူမ ပြန်ပြီး ပိုင်ဆိုင်ချင်လိုစိတ်နဲ့ ဖျင် နဲ့ ရတ် တို့ရဲ့အိမ်မှာ
      နေဖို့ခွင့်တောင်းလာခဲ့တယ်။

▪ ဖျင်က သူငယ်ချင်းအပေါ် သနားစိတ်တွေ စေတနာတွေ နဲ့အကူ
      အညီပေးခဲ့ပေမယ့်လည်း.......နောက်ဆုံးမှာတော့....
ကျိုင်ရန်တစ်ယောက် ဘာတွေဆက်ပြီးမွှေမလဲ?

ရတ် နဲ့ဖျင်တို့ရဲ့အိမ်ထောင်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲ?

 ဖျင် ကရော သူမရဲ့စေတနာတွေကနေ ဝေဒနာ တွေဖြစ်ကုန်တဲ့
အပေါ် သူမရဲ့ခံစားချက်ကရော ဘယ်လို နေမလဲ?

နောက်ဆုံး ဘယ်လို တွေအဆုံးသတ်မလဲ? ဆိုတာ ကြည့်ရှုရမှာပါ။

* * ဒီဇာတ်ကားထဲမှာ လူတစ်ယောက်ဟာ ကောင်းမှုတစ်ခုကို
မပြုသင့်တဲ့အချိန် ကိုယ်ပေးမယ့် စေတနာတရားတွေကို မထိုက်တန်
တဲ့သူတစ်ယောက်ကို ပေးမိလိုက်ရင် ကိုယ့်ရဲ့ကောင်းမှုဟာ ကိုယ့်ဆီကို မီးလိုပဲ့ပြန်လောင်ကျွမ်းစေတတ်တယ်ဆိုတဲ့ အကြောင်းကို
ပညာပေးထားပါတယ်နော်**

Plerng Boon
တီဗီအစီအစဉ်
ပထမဆုံး ဇာတ်လမ်းပိုင်း လွှင့်သည့်ရက်- ၂၀၁၇၊ ၃ ဩဂုတ်
နောက်ဆုံးဇာတ်လမ်းပိုင်း ထုတ်လွှင့်ခဲ့သည့်နေ့- ၂၀၁၇၊ ၂၈ စက်တင်ဘာ
ဆုများ- TV Gold Award for Best Script for Drama၊ Nataraj Awards for Best Actor in a Supporting Role
ဆန်ခါတင် ရွေးချယ်ခံရသူများ- Nataraj Awards for Best TV Script
စာရေးဆရာမများ- Nuttiya Sirakornwilai

FIV Entertainment Channel 

No comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Telegram Movie Myanmar - All Rights Reserved
Template Created by Creating Website Published by The Original Blogger Tricks
Proudly powered by Blogger Template