Latest Movie :

Unstoppable High Kick

Unstoppable High Kick

Episodes 1 to 167 End

ကိုရီးယား ဟာသ drama ရယ်လို့ ဆိုတာနဲ့

ကိုယ်တေအတွက် အရင်ဆုံး မျက်စိထဲတန်းမြင်မိတာကတော့

#High_Kick ဆိုတာပါပဲ ?

High Kick ဆိုတာ

1 / 2 / 3 စတဲ့ series အတွဲလိုက်တေထိ

serie တစ်ခုမှာ အပိုင်း ၁၀၀ ကျော်အောင်ပါဝင်သလောက်

တပိုင်းထက်..တပိုင်း မရိုးနိုင်သော

ရယ်စရာ..ခွီစရာ ဟာသမျိုးစုံနဲ့ ပျင်းစရာတစ်စက်မရှိ

ဆွဲဆောင်နိုင်စေသော Comedy Drama စစ်စစ်ပဲဖစ်ပါတယ်

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က MBC ရုပ်သံကနေ

ထုတ်လွှင့်ပြသခဲ့တဲ့ ဒီ HighKick series တွေဟာ

ယခုအချိန်မှာ အရမ်းကြွေလောက်စရာဖစ်တဲ့

Top Main Actor တချို့ကို တစုတစည်းနဲ့

စတင်ဆွဲဆောင်ဖစ်စေခဲ့တဲ့

အဟောင်းထဲက အကောင်းဆုံး drama တစ်ခုရယ်ပါ .

2008 / 09 အချိန်တွေတုန်းက

MRTV / MWD ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသခဲ့မှုနဲ့

မြန်မာပရိတ်သတ်တွေကြားမှာ တဝါးဝါးတဟားဟားဖစ်အောင်

အကြိုက်တွေ့ရစေခဲ့တဲ့

ဟာသကမ္ဘာ / ဟာသလွင်ပြင် ဆိုတဲ့ ဇာတ်လမ်းတွဲတွေဟာ

High Kick ရဲ့ အခွီရဆုံးသော series တွေပဲဖြစ်ပါတယ် .

ဟုကဲ့ပါ…

အဲ့ဒီတော့ ကြည်ရှု့ခံစားဖူးခဲ့သောသူလေးတေပဲဖြစ်စေ..

မကြည်ရှု့ရသေးတဲ့ သူလေးတေပဲဖြစ်စေ..

Best new တေ .. update drama တွေနဲ့အတူ

မပျက်မကွက် အမှီလိုက် feel နေရတဲ့ခဏမှာ

အဟောင်းထဲက..အကောင်းစား အခွီ plot လေးတေနဲ့

ဘဝအမောတွေ ပြန်လည်ပြေပျောက်စေနိုင်ဖို့

2008 ခုနစ်အချိန်ပိုင်းက ရသလေးတွေကို

အခုချိန်မှာ တဖန်ပြန်လည်ဆန်းသစ်ပြီး ကြည်နူးမှုရစေနိုင်ဖို့

` ဟာသကမ္ဘာ ´ ရယ်လို့ လူသိများမယ့်

High Kick ရဲ့ ပထမဆုံးသော series ဖစ်တဲ့

Mini Series 1 _ အတွဲ ၁ ကို

FOF _ Family Of Films page မှ

ဘာသာပြန်စီစဉ်မှုကြောင့်

မြန်မာစာတန်းထိုး ကောင်းကောင်းလေးနဲ့

Special ခွီနိုင်ဖို့ အသင့်ဖစ်နေလို့ရပါပြီ !!!

> #High_Kick_1 <

_ Synopsis _

Drama ရဲ့

အဓိကဖြစ်တည်လာမယ့် ဇာတ်အိမ်ကတော့

Dr.LeeSoonJae တို့မိသားစုက

မိသားစုဝင် ၇ ဦးရဲ့ဆက်စပ်လာတဲ့

ရှုပ်ထွေးများပြားတဲ့ relationship များစွာကို

မရိုးနိုင်တဲ့ ခွီစရာအမျိုးမျိုးနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် .

Dr Lee Soon Jae ဟာ

အလွန်စိတ်တိုလွယ်သူတစ်ယောက်ဖြစ်ပြီး

သူ့မှာ…

အမြဲပွစိ ပွစိ ပြောတတ်တဲ့ ဇနီးသည်တစ်ယောက်ရှိပါတယ် .

သူ့ရဲ့ သားအကြီး Lee Jun Ha မှာတော့

နေရာတကာ ဆရာအမြဲလုပ်တတ်တဲ့ ဇနီးသည်

Dr.Park Hae Mi နဲ့အတူ

တမျိုးပြီးတမျိုး မရိုးရအောင်

ပြသနာလှလှလေးတေဖန်တီးတတ်တဲ့ သားနှစ်ယောက်ဖြစ်တဲ့

LeeMinHo နဲ့ LeeYoonHo တ်ို့ကိုပိုင်ဆိုင်ထားပါတယ်.

ကျောင်းမှာ နာမည်ဆိုးလေးတစ်ခုနဲ့ ကျော်ကြားတဲ့

အထက်တန်းကျောင်းသား LeeYoonHo နဲ့

သူစိတ်ဝင်စားတဲ့ web blogs တေကိုစူးစမ်းလေ့လာရင်း

အချိန်ဖြုန်းနေတတ်တဲ့ LeeMinHo တို့ဟာ

အသက်အပိုင်းအခြား ၁ နှစ်ပဲကွာတဲ့

ညီအစ်ကိုအရင်းအချာနှစ်ဦးဖြစ်ပြီး

အထက်တန်းကျောင်းမှာတော့ အတန်းတူ တက်ရောက်နေကြတဲ့

ရည်ရွယ်ချက်ဝါသနာကိုယ်စီဟာ တစ်ဦးနဲ့တစ်ဦး

ဆန့်ကျင်ဘက်တွေ ဖြစ်နေကြတဲ့ သူနှစ်ဦးပဲဖြစ်ပါတယ် .

သူတို့နှစ်ဦးကြားမှာ စိတ်ဝင်စားစရာကောင်းလှတဲ့

မိန်းမချောလေးတစ်ဦး ရောက်ရှိလာချိန်မှာတော့..

ညီအစ်ကိုနှစ်ဦးရဲ့ ရည်ရွယ်ချက်သဘောထားတွေ

ဆက်ဆံမှုတွေက

ဘယ်လိုတောင် ခွီစရာလေးတေဖစ်လာမလဲဆိုတာ

ကျန်ရှိတဲ့..သူတို့မိသားစုရဲ့ မိသားစုဝင်တွေရဲ့

ဆက်စပ်လာမည့် အကြောင်းအရာတို့ကလည်း

ဟာသဆန်ဆန် ဇာတ်ကွက်တွေနဲ့အတူ

ဘယ်လို ဆွဲဆွဲဆောင်ဆောင် ရယ်ရ မောရစေမလဲဆိုတာ

နာမည်ကြီး မင်းသား .. မင်းသမီးများနဲ့တကွ

ဟာသသရုပ်ဆောင်ပေါင်းများစွာ တစုတစည်းတည်း

ပါဝင်ပုံဖော်ထားတဲ့ High Kick _ 1 ကို

FOF _ Famliy of Films ရဲ့

မြန်မာစာတန်းထိုး ကောင်းကောင်းလေးနဲ့

ကြည့်ရှုခံစား ရယ်မောပျော်ရွှင်စွာ ခွီနိုင်ပါပြီ !

review by Yar Zar Zaw Moe
Translated by FoF Team
Encoded by Zin Ko Htut,Alice,Win Kyaw Thu, Thet Paing Oo
Quality……….360p
Unstoppable High Kick (High Kick!)
တီဗီအစီအစဉ်
ပထမဆုံး ဇာတ်လမ်းပိုင်း လွှင့်သည့်ရက်- ၂၀၀၆၊ ၆ နိုဝင်ဘာ
နောက်ဆုံးဇာတ်လမ်းပိုင်း ထုတ်လွှင့်ခဲ့သည့်နေ့- ၂၀၀၇၊ ၁၃ ဇူလိုင်
ဇာတ်လမ်းပိုင်း အရေအတွက်- ၁၆၇
ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီး ရာသီကြိမ်ရေ- ၁
ဆုများ- Mnet 20's Choice Award for Best Kiss

FAMILY OF FILMS - FOF & Zego Bird

No comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Telegram Movie Myanmar - All Rights Reserved
Template Created by Creating Website Published by The Original Blogger Tricks
Proudly powered by Blogger Template