Episodes 1 to 8 End
7.7
General information
Original name
Legion
Created by
Noah HawleyStarringAmber Midthunder, Aubrey Plaza, Bill Irwin, Dan Stevens, Jean Smart, Jeremie Harris, Katie Aselton, Rachel Keller
Marvel Universe ထဲမှာ Franklin Richards တို့ Phoenix (Jean Grey)တို့လို
Omega Level Mutant တွေနဲ့ကောင်းကောင်းကြီးရင်းနှီးနေခဲ့ပေမယ့်
အမေ့လျော့ခံ Mutant တစ်ယောက် အထူးသဖြင့် Omega Level Mutant တစ်ယောက်ရှိနေခဲ့တယ်။
တော်တော်များများဟာ X-Men ကားတွေကို ကြည့်ပြီးနောက်
Professor X ကို လေးစားခဲ့ရမှာ အမှန်ပဲ၊ သူ့စွမ်းအားတွေကိုလည်း အားကျမိခဲ့ကြမယ်၊
ဒါပေမယ့် သူ့ရဲဲ့သား David Hallerကတော့ ထိန်းချုပ်ဖို့မဖြစ်နိုင်လောက်အောင် စွမ်းအားတွေကြီးလွန်းနေခဲ့တယ်။
ငယ်စဉ်ကတည်းက ပုံမှန်မဟုတ်ခဲ့သူ၊
Charles လိုပဲ နေရင်းထိုင်ရင်း ခေါင်းထဲကနေ အသံတွေကြားနေခဲ့ရတယ်၊
သူ့ရဲ့ မကောင်းဆိုးဝါးကိုလည်း အိပ်ရင် မြင်နေခဲ့ရတယ်။
” အဲဒီအသံတွေက မင်းကို ဘာလုပ်ရမယ်လို့ ခိုင်းတာလား
မဟုတ်ဘူး ကျွန်တော့်ကို တားတာ.. ”
တစ်နေ့အသံတွေကြားတာလွန်လာတော့ အရက်တွေသောက်ပြီး သောင်းကျန်း၊
ရဲတွေလာဖမ်းခဲ့၊ စိတ်လွတ်လွန်းသွားခဲ့ပြီး သူ့ရဲ့ စွမ်းအားတွေ ထုတ်သုံးမိသွားခဲ့တယ်။
အဲဒီတော့လည်း စိတ္တဇဆေးရုံရောက်လာခဲ့တယ်၊ ကိုယ်ကိုကိုယ် ဝါယာကြိုးသုံးပြီး ဆွဲကြိုးချသတ်သေဖို့ကြိုးစား၊
ဝါယာကြိုးလောင်သွားပြီး မသေခဲ့ဘူး၊
နောက်ဆေးရုံတစ်ခုရောက်လာခဲ့ပြန်တယ်၊ အဲဒီနေရာဟာ သူ့အတွက် အဆင်ပြေနေခဲ့တယ်၊
Syd Berret ဆိုတဲ့ အထိမခံနိုင်တဲ့ကောင်မလေးတစ်ယောက်နဲ့လည်း တွေ့ခဲ့ ရည်းစားဖြစ်ခဲ့သေးတယ်၊
ဒါပေမယ့် အဲဒီကောင်မလေးဟာလည်း Mutant မှန်း David မသိ။
အဲဒီ Syd ဆိုတဲ့ကောင်မလေးကို တွေ့ရတာ Harley Quinn ကို Marvel မှာ မြင်နေရသလိုလို၊
အပြုံးနဲ့အိုက်တင်တွေဟာ လုံး၀နီးပါးကို တစ်ထပ်တည်း၊ စတွေ့တွေ့ချင်းမှာလည်း ဆံပင်ကိုနှစ်ဖက်ခွဲပြီးစည်းထားတာ၊
သူ့ရဲ့ Mutant Powerကတော့ သူရဲ့အရေပြားနဲ့ထိမိရင် ထိမိတဲ့သူရဲ့ အတိတ်ကစိတ်ထဲကို၀င် ခိုင်းစေနိုင်တဲ့အစွမ်း။
အဲဒီဆေးရုံကအခန်းတွေဟာ သူ့ရဲ့ စိတ်ထဲက ကိုယ်ပိုင်ဖန်တီးလုပ်ယူထားတာတွေလားဆိုတာ
သူကိုယ်တိုင်လည်း ေ၀ခွဲမရ၊ ကြည့်နေတဲ့သူတွေလည်း မသဲကွဲ -__-
စဉ်းစားမရဖြစ်နေတုန်း ပစ္စုပ္ပန်ကို ရုတ်ချည်းပြန်ရောက်လာခဲ့တယ်၊
David က အဖမ်းခံထားရတာ၊ စစ်ဆေးမေးမြန်းခံနေရတာ၊
စစ်မေးနေတဲ့သူက ပြောတယ်။
မင်းပြောတဲ့ Syd ဆိုတဲ့ကောင်မလေးက မင်း လွန်ခဲ့တဲ့ ခြောက်နှစ်က တက်ခဲ့တဲ့
စိတ္တဇဆေးရုံရဲ့ မှတ်တမ်းထဲမှာမရှိဘူး တဲ့။
နောက်မှ သိလိုက်ရတယ်၊ အဲဒီလူတွေဟာ
Davidက စွမ်းအားအကြီးဆုံး Mutant ဖြစ်လာမှာကိုသိလို့ဖမ်းဖို့လုပ်ထားတဲ့အဖွဲ့အစည်း။
ဒါပေမယ့်လည်း အဲဒီအခန်းတွေဟာ တကယ်ဖြစ်နေတာလား၊
David စိတ်ရဲ့ ထင်ယောင်ထင်မှား Delusion တွေလား ေ၀ခွဲမရပြန် :3
သူ အဲဒီလို အဖမ်းခံနေရတဲ့အချိန် Mutant အုပ်စုက ၀င်ကယ်ပြီး သူတို့အဖွဲ့ထဲ ၀င်ခိုင်းလိုက်တော့တယ်။
ဒီ Series ဟာ Superhero Series ပဲဆိုပြီး ပေါ့ပေါ့တွေးပြီး ကြည့်လိုက်လို့ မဖြစ်နိုင်လောက်အောက်ကို
မြုပ်ကွက်တွေနဲ့ ဆန်းဆန်းပြားပြားရိုက်ပြသွားပြီး နောက်ခံတီးလုံးတွေနဲ့ သီချင်းတွေကလည်း ကြာချိန် တစ်နာရီကို
ခဏလေးထင်ရလောက်အောင်ကို အဆုံးထိ အတွေးတွေကျန်ခဲ့အောင် စွဲဆောင်သွားခဲ့တယ်၊
Professor X တင်မကပဲ X-Universe ရဲ့ လူသိနည်းတဲ့ Mutant တွေပါပြီး လူသိများတဲ့ Mutant တွေရဲ့ Originတွေ ပါပါလိမ့်မယ်၊
ဒါတင်မက X Men Movies တွေရဲ့ Timeline ရှုပ်ထွေးမှုကို ရှင်းပြသွားနိုင်လောက်မယ်၊
MCU နဲ့ Timeline တစ်ခုတည်းမှာ ရှိနေပေမယ့် X-Men Universe ထဲမှာလည်း အကျုံး၀င်နေသေးတဲ့အတွက်
MCU နဲ့ Fox’s X-Men Universe ကို ဆက်စပ်ပေးမယ့် စီးရီးတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။
” I’m not really here… ”
(Review ကို Ye Khant Min ရေးသားပေးပြီးဘာသာပြန်သူကတော့ ZonMyatNoeSwe ဖြစ်ပါတယ်)
Legion - အတွဲ ၁ (Legion Season 1)
ရုပ်သံဇာတ်လမ်းတွဲ အတွဲ
ဇာတ်လမ်းပိုင်း အရေအတွက်- ၈
မူရင်းထုတ်ဝေမှု- ဖေဖော်ဝါရီ ၈ –; ၂၀၁၇၊ ၂၉ မတ်
မူလ ကွန်ရက်- FX
မူရင်း နိုင်ငံ- ယူနိုက်တက်စတိတ်
CHANNEL MYANMAR
No comments:
Post a Comment