Jurassic World (2015)
Blu ray 720P
လွန်ခဲ့တဲ့ ၂၂နှစ်ခန့်က ပြသနာများကြောင့် ပိတ်ထားခဲ့ရတဲ့ ဂျရက်ဂ်ဆဇ်ဂ် အပန်းဖြေစခန်း (Jurassic Park) ကြီး ပြန်ဖွင့်ပြီးတဲ့နောက် ပန်းခြံရဲ့အုပ်ချုပ်သူမန်နေဂျာ ကလဲ (Claire) ရဲ့ တူနှစ်ယောက်ဖြစ်တဲ့ ဇက်ဂ် (Zach) နဲ့ ဂရေး (Gray) တို့ညီအစ်ကိုနှစ်ယောက်က ကျောင်းပိတ်ရက်မှာ အဒေါ်ရှိရာ ဂျရက်ဂ်ဆဇ်ဂ်ကို သွားလည်ကြပါတယ်။ အလုပ်များလွန်းတဲ့ အဒေါ်က တူနှစ်ယောက်ကို လမ်းညွှန်လုပ်ဖို့ရာ သူမရဲ့လက်ထောက် ဇာရာ (Zara) ကိုတာ၀န်ပေးလိုက်ပါတယ်။ ပန်းခြံထဲရောက်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ဇာရာ့ကို မျက်ခြေဖြတ်ပြီး နှစ်ယောက်သား လေ ျှာက်လည်ကြပါတော့တယ်။
အကျိုးတူပူးပေါင်းမယ့်လုပ်ငန်းရှင်များကို ဆွဲဆောင်ရန်နဲ့ လာလည်သူပိုများလာစေရန် ရည်ရွယ်ပြီး မျိုးရိုးဗီဇပညာရှင် ဒေါက်တာ ဟန်နရီဝူး (Henry Wu) ခေါင်းဆောင်တဲ့အဖွဲ့က ဒိုင်နိုဆော မျိုးစိတ်အသစ်များ ဖန်တီးမွေးမြူခဲ့ရာ လက်ရှိမှာ အင်ဒိုမီးနပ်စ်ရက်စ် (Indominus rex) လို့ခေါ်တဲ့ ဥာဏ်ရည်မြင့်တဲ့ ဒိုင်နိုဆောတစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျရက်ဂ်ဆဇ်ဂ်ရဲ့ အကြီးအကဲ ဆိုင်မွန်မာဇရာနီ (Simon Masrani) က အင်ဒေါမီးနပ်စ်ရက်စ် ကို ပြည်သူတွေကို မပြသခင် လေ့လာအကဲဖြတ်ပေးဖို့အတွက် ဗလော်ဆရပ်ပ်တာ (velociraptor) ဒိုင်နိုဆောမျိုးတွေကို လေ့ကျင့်ပေးနေတဲ့ သုတေသနပညာရှင် အို၀င် (Owen) ကိုတာ၀န်ပေးထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင် ဗစ် (Vic) ကတော့ အို၀င်လေ့ကျင့်ပေးနေတဲ့ ဗလော်ဆရပ်တာ လေးကောင်ကို စစ်ရေးမှာအသုံးပြုရန် ဆန္ဒရှိသူဖြစ်ပါတယ်။ အို၀င်ကတော့ ဗလော်ဆရပ်ပ်တာ တွေက အလွယ်တကူထိန်းချုပ်လို့ ယဉ်ပါးလာမယ့် ဒိုင်နိုဆောတွေမဟုတ်ဖူးလို့ ဆိုကာ ဗစ်ရဲ့ အလိုကိုမလိုက်လျောခဲ့ပါဖူး။
File Size : 970 MB
Quality : Blu ray 720P
Running Time : 2 hr 04 minute
Format : Mp4
Genre : Action, Adventure, Sci-fi
Encoder : Joker.phs
Jurassic World
၂၀၁၅ ရုပ်ရှင်
ပထမဆုံး ထုတ်ဝေသည့် ရက်- ၂၀၁၅၊ ၉ ဇွန် (ဟောလိဝုဒ်)
ဒါရိုက်တာ- Colin Trevorrow
လက်မှတ်ရုံ- $1.670 billion
သတ်မှတ် အသုံးစရိတ်- $150 million
ရုပ်ရှင်စီးရီးများ- ဂျရက်ဂ်ဆဇ်ဂ် အပန်းဖြေစခန်း
CHANNEL MYANMAR
No comments:
Post a Comment