Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ…..ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါအသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဉာဏ်တွေပျောက်ဆုံးနေခဲ့တယ်
သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာ
တကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား……….ဒါမှမဟုတ် ရုပ်တူတဲ့ တခြားတစ်ယောက်လားဆိုတာ
Be with You
၂၀၁၈ ရုပ်ရှင်
ပထမဆုံး ထုတ်ဝေသည့် ရက်- ၂၀၁၈၊ ၁၄ မတ် (တောင်ကိုရီးယား)
ဒါရိုက်တာ- Lee Jang-hoon
ဟန်ဂူလ်- 지금 만나러 갑니다
ဆန်ခါတင် ရွေးချယ်ခံရသူများ- Baeksang Arts Award for Best Leading Actress in Film
အမျိုးအစားများ- အချစ်ဇာတ်လမ်း၊ ဒရမ်မာ၊ မယ်လိုဒရာမာ၊ စိတ်ကူးယဉ်
GOLD CHANNEL MOVIES
No comments:
Post a Comment