Season 1 to 8
Arrow Season 1(2013)
23 Episodes
Arrow Season 2(2013)
23 Episodes
Arrow Season 3
23 Episodes
Arrow Season 4
23 Episodes
Arrow Season 5
23 Episodes
Arrow (Season 6)
23 Episodes
Arrow Season 7
22 Episodes
Arrow Season 8
10 Episodes
DC FANs တွေအတွက် ARROW SERIES ကိုစုစည်းပေးထားခြင်းပါ...
တစ်ခြားအများကြီးတော့ ညွှန်းဖို့ လိုလောက်မယ် မထင်ပါဖူး..
Arrow Season 1(2013)
Episodes 1 to 23 End
2012 ခုနှစ်မှာ စတင်ပြသခဲ့တဲ့ CW Arrowverse ရဲ့ ပထမဆုံးနဲ့ Darkest အဖြစ်ဆုံး TV Series ပဲဖြစ်ပါတယ်။ DC Comic ရဲ့ နာမည်ကျော် Green Arrow Character ကို အခြေပြုရိုက်ကူးထားတာပါဖြစ်ပါတယ်။ Starling မြို့သား ဘီလျံနာသူဌေးသား အိုလီဗာကွင်း ဖခင်ဖြစ်သူနဲ့ပင်လယ်ခရီးထွက်ရာမှ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းမှာ ၅နှစ်ကြာသောင်တင်ခဲ့ပါတယ်။ အိုလီဗာတစ်ယောက် သူ့ဇာတိမြို့ကိုပြန်လာချိန်မှာ မြို့တော်တစ်ခုလုံး ရာဇဝတ်မှုတွေ အကျင့်ပျက်ခြစားမှုတွေ ဖုံးလွှမ်းနေခဲ့ပြီး ပြိုလဲလုနီးပါးဖြစ်နေပါတယ်။ Starling City ရဲ့ ပျက်ဆီးမှုတွေကို ပြင်ဆင်ဖို့ ဖခင်ကိုဂုဏ်ပြုဖို့ သူချစ်ရသူတွေကိုကာကွယ်ဖို့ အစ်ကိုတစ်ယောက်တာဝန်ကျေပွန်ဖို့ တစ်ခုခုလုပ်ရပါတော့မယ်။ အဲ့ဒီအချိန်မှာပဲ Starling မြို့မှာ ကင်းသမားတစ်ယောက် ရောက်ရှိလာပြီး မြို့ရဲ့ဒုစရိုက်မှုတွေကို ဥပဒေပြင်ပကနေ တိုက်ခိုက်ပါတော့တယ်။ အိုလီဗာကွင်းနဲ့ကင်းသမားကြားမှာ ဆက်နွယ်မှုတွေရှိနေလား? Starling City ကို ဘယ်လိုဒုစရိုက်သမားတွေကချုပ်ကိုင်နေတာလဲ အိုလီဗာကွင်းတစ်ယောက် ကျွန်းပေါ်မှာဘယ်လိုဒုက္ခတွေ ကြုံတွေ့ခံစားခဲ့ရလဲ? Starling City ဘာလို့ဒီလိုပျက်ဆီးနေရလဲဆိုတာရဲ့ အဓိကအကြောင်းအရင်းကတော့…..
MMSUBTITLES.CO
Arrow Season 2(2013)
Episodes 1 to 23 End
Arrow Season 2 လေးတင်ပေးထားပါတယ်..
Season 1 မှာတော့ မယ်ကွမ်းမာလင်ကြောင့် မြို့မှာ ငလျင်ဒဏ်ခံစားရပြီးနောက် အိုလီဗာရဲ့အချစ်ဆုံးသူငယ်ချင်းတွမ် တစ်ယောက်သေဆုံးပြီးတဲ့
နောက်မှာတော့ အိုလီဗာ ဟာ လန်ယု ကျွန်းပေါ်ကိုပြန်ထွက်သွားခဲ့တယ်..ကုမ္ပဏီ ကိုကယ်ဆယ်ဖို့
ဖလစ်စတီးနဲ့ဒစ်ဂယ်လ် တို့ပြန်ခေါ်ယူဖို့ကြိုးစားရင်း နောက်ထပ် ဘာအန္တရာယ်ဘယ်လိုလူဆိုးမျိုးနဲ့
ရင်ဆိုင်ရမယ်ဆိုတာ ဆက်လက်စောင့်ကြည့်ပါ
MMSUBTITLES.CO
Arrow Season 3
Episodes 1 to 23 End
ဘီလီယံနာ သူငှေးကြီးရောဘတ်ကွင်းရဲ့ သားအကြီး အိုလီဗာကွင်းက
သဘောင်္ပျက်ပြီး ငါးနှစ်တာ ပျောက်ဆုံးနေပါတယ်..သဘောင်္ပေါ်မှာ
သူ့အဖေလည်းပါ၀င်လာခဲ့တယ်..အိုလီဗာကွင်းဟာ..လန်ယုလို့
ခေါ်တဲ့ကျွန်းပေါ်မှာ ၅ နှစ်တိတိ အသက်ရှင်ဖို့အတွက်ရုန်းကန်ခဲ့ရပြီးတော့
ရှုရှားငါးဖမ်းသဘောင်္တွေက တွေ့ရှိပြီးပြန်လည်ကယ်တင်ခဲ့တဲ့အတွက်
သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ စတာလင် မြို့ကိုပြန်လည်ရောက်ရှိလာပါတော့တယ်
သဘောင်္မပျက်ခင်တုန်းက မိန်းမရှုပ်တဲ့ ဆိုးသွမ်းလူငယ် အိုလီဗာကွင်းတစ်ယောက်
ကျွန်းပေါ်ကနေ ပြန်ရောက်လာတဲ့အခါမှာတော့ အရင်သူ့စရိုက်တွေနဲ့
သူစိမ်းပမာဖြစ်သွားခဲ့ပြီး သူနဲ့အတူ မြို့ကိုကယ်တင်ရမယ့် စိတ်တွေရော
လျို့ဝှက်ချက်တွေများစွာကိုလည်းသယ်ဆောင်လာခဲ့ပါတော့တယ်
ဒီလျို့ဝှက်ချက်တွေကရော..ဘာတွေဖြစ်မလဲ..
MMSUBTITLES.CO
Arrow Season 4 Complete
Episodes 1 to 23 End
Arrow Season 4 ကို ရောက်ရှိလို့လာပါပြီ။
Ra’s Al Ghul ရဲ့သေဆုံးမှုအပြီးမှာ Star City လည်းငြိမ်းချမ်းစပြုလာပါပြီ။ Oliver ပေးခဲ့တဲ့ကတိအတိုင်း
Malcolm Merlyn ကလဲ League of Assassins ရဲ့Ra’s Al Ghul အသစ် ဖြစ်လာပါပြီ။ Oliver ကလဲ
သူချစ်တဲ့ Felicity နဲ့ ( ) ဘဝတစ်ခုကိုထူထောင်ဖို့အတွက်The Arrow ဘဝကိုစွန့်လွှတ်ကာ Star City ကနေ
ထွက်ခွာသွားခဲ့ပါပြီ။
ဒါပေမယ့် အားလုံးတည်ငြိမ်အေးချမ်းနေတဲ့ဘဝထဲကိုကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။
The Ghosts လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုကStar City ကို စတင်တိုက်ခိုက်ပြီးတော့
ဒုစရိုက်မှုတွေကိုလုပ်လာပါတော့တယ်။ Team Arrowအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Thea Queen, Laurel Lance,
John Diggle တို့ဟာ အဲ့ဒီအဖွဲ့ကိုတားကြပေမယ့်လည်းအခြေအနေတွေဆိုးဝါးလို့နေပါတယ်။အဲ့ဒီအကြမ်းဖက်အဖွဲ့ရဲ့နောက်ကွယ်မှာ သြဇာအာဏာ
ကြီးမားပြီး အလွန်အန္တရာယ်များတဲ့လူတစ်ယောက်နဲ့အဖွဲ့အစည်းတစ်ခုရှိနေပြန်ပါသေးတယ်။
Star City မှာ ပရမ်းပတာဖြစ်နေတဲ့အခြေအနေတွေကိုကျန်နေတဲ့ Team Arrow ကပဲ ဆက်ထိန်းထားနိုင်မှာလား
Oliver တစ်ယောက် ခေါင်းစွပ်ပြန်ဝတ်ရဦးမှာလားအဖွဲ့အစည်းရဲ့ပင်မရည်ရွယ်ချက်ကဘာလဲဆိုတာကတော့…
Arrow Season 5
Episodes 1 to 23 End
2012ခုနှစ်ကတည်းက CWရုပ်သံလိုင်းကနေ ပြသလာခဲ့တဲ့
DC Comicsရဲ့Characterတွေကိုအခြေခံရိုက်ကူးထားတဲ့
ဒီTV Seriesဟာ အခုဆိုရင် Season 5 ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။
Season 4 မှာတုန်းကဖြစ်ပျက်ခဲ့တဲ့ ရင်နင့်ဖွယ်ရာ
အဖြစ်အပျက်တွေကြောင့် ဒစ်ဂယ်နဲ့သီယာတို့ဟာ
မူလအဲရိုးအသင်းကြီးကနေထွက်ခွာသွားပါတော့တယ်။
အိုလီဗာကွင်းနဲ့ဖယ်လစ်စစ်တီတို့ပဲ အဲရိုးအသင်းကြီးမှာ
ကျန်ခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာ အိုလီဗာကွင်းဟာ စတားမြို့တော်ရဲ့မြို့တော်ဝန်တစ်ဦးဖြစ်နေပါပြီ။ဒါကြောင့်မို့လို့ အိုလီဗာဟာ နေ့အချိန်မှာမြို့တော်ဝန်အသွင်နဲ့လှုပ်ရှားကာ ညအချိန်မှာ တစ်ယောက်တည်းပဲဂရင်းအဲရိုးအသွင်နဲ့ပဲ
ရာဇဝတ်မှုတွေကို တိုက်ဖျက်ရပါတော့တယ်။
အိုလီဗာတစ်ယောက်မြို့တော်ဝန်ရာထူးရလိုက်တဲ့အခါမှာ
ခေါင်းရှုပ်စရာတွေကြုံလာရပါတော့တယ်။
မြို့တော်ဝန်အလုပ်ဟာ ထင်ထားတာထပ်ပိုရှုပ်ထွေးပြီး
မြို့တော်ဝန်အသွင်နဲ့လုပ်ဆောင်ရမယ့်တာဝန်ဟာ
ဂရင်းအဲရိုးအသွင်နဲ့လုပ်ဆောင်ရမယ့်တာဝန်ထက်
ပိုကြီးလေးတာကိုနဖူးတွေ့ဒူးတွေ့သိလိုက်ရပါတော့တယ်။
ဒါကြောင့်မို့လို့ဖယ်လစ်စစ်တီဟာ အိုလီဗာ့ကို
အဲရိုးအသင်းသစ်ဖွဲ့စည်းဖို့အကြံပေးပါတော့တယ်။
အဲဒီအချိန်မှာပဲစတားမြို့တော်ကို တိုဘိုင်းရပ်စ်ချက်ခ်ျ ဒုစရိုက်ခေါင်းဆောင်အသစ်တစ်ယောက်
ရောက်လာပါတော့တယ်။
အိုလီဗာ့ကိုကော ဂရင်းအဲရိုးကိုပါရှင်းပစ်မှသာလျှင်
စတားမြို့တော်တစ်ခုလုံးကိုသိမ်းယူနိုင်မှာဖြစ်ကြောင်းကိုလဲ တိုဘိုင်းရပ်စ်ချက်ခ်ျကသိနေပါတယ်။
ဒါ့ကြောင့်မို့လို့လဲ တိုဘိုင်းရပ်စ်ချက်ခ်ျက အိုလီဗာ့ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။
တိုဘိုင်းရပ်စ်ချက်ခ်ျကအိုလီဗာ့ကိုသတ်ဖို့လုပ်နေတုန်းမှာ
တိုက်ခိုက်ရေးပညာနဲ့မြားပစ်ပညာမှာ
ကျွမ်းကျင်တဲ့သူတစ်ဦးရောက်ရှိလာပြီးတော့
တိုဘိုင်းရပ်စ်ချက်ခ်ျကိုတားဆီးပါတော့တယ်။
ဂရင်းအဲရိုးဟာသူ့အတွက်သာဖြစ်ကြောင်း
သူကိုယ်တိုင်သာဂရင်းအဲရိုးကိုသတ်မှာဖြစ်ကြောင်း
တိုဘိုင်းရပ်စ်ချက်ခ်ျကိုပြောပါတော့တယ်။
တိုဘိုင်းရပ်စ်ချက်ခ်ျကိုတားဆီးတဲ့သူဟာ
သူ့ကိုယ်သူ ပရိုမီးသီးယပ်စ် လို့ ခေါ်ပါတယ်။
ပရိုမီးသီးယပ်စ်ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ဟာ
အိုလီဗာကွင်းကိုနာကျင်ခံစားရအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ ပရိုမီးသီးယပ်စ်ရဲ့ရည်ရွယ်ချက်ကပဲ
အထမြောက်မှာလား ဒါမှမဟုတ် ဂရင်းအဲရိုးကပဲ
ပရိုမီးသီးယပ်စ်ကိုအနိုင်ယူနိုင်မှာလား ဆိုတာကိုတော့
ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
ဒီSeason 5 ကတော့ အရင်Seasonတွေနဲ့မတူညီပဲ
တစ်မူထူးခြားနေတယ်ဆိုတာကို ကြည့်ရှုသူတွေအနေနဲ့
ခံစားနိုင်လိမ့်မယ် လို့ ကျွန်တော်ယုံကြည်မိပါတယ်
အခု ဒီSeason 5 ကို အပိုင်း ၁ ကနေ ၁၁ အထိ(KCG)ကဘာသာပြန်ပေးထားတာဖြစ်ပြီး
၁၂ ကနေ ထွက်သမျှအထိ Aung Pyae Kyaw(Zolomon) မှ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်
File size (244-250)Mb
MMSUBTITLES.CO
Episodes 1 to 23 End
CW ရဲ့ Arrow TV Series ပြန်လာပါပြီ။
ပြီးခဲ့တဲ့ Season 5 မှာ အိုလီဗာတစ်ယောက် အေဒရီယန်ချေ့စ်ကိုလိုက်လံဖမ်းဆီးရင်းနဲ့ လျန်ယုကျွန်းကြီးတစ်ကျွန်းလုံး ပေါက်ကွဲသွားတာကို အားလုံးလဲတွေ့မြင်ကြည့်ရှုလိုက်ရမှာပါ။
အိုလီဗာဟာ သူ့သားကိုကယ်လိုက်နိုင်ပေမယ့် တစ်ချို့တစ်ဝက်ကိုတော့ မကယ်တင်လိုက်နိုင်ပါဘူး
အခု Season 6 မှာ ပရိသတ်ချစ်သော Character တစ်ချို့လည်း ကျွန်းပေါ်မှာ သေဆုံးသွားမှာဖြစ်ပါတယ်။
ဒီ Season မှာ Character အများစုလဲ ပြန်လည်ပါဝင်လာမယ်လို့ Producer ကလဲ ပြောပါတယ်။ ဘယ်သူတွေသေဆုံးမလဲ ဘယ်သူတွေရှင်သန်မလဲ
S5 မှာပါဝင်ခဲ့တဲ့ ပရိသတ်အချစ်တော် ဆလိတ်ဒ်ဝီလ်ဆင်(Deathstroke)လဲ S6မှာပြန်ပါလာမလား အိုလီရဲ့ဘဝဟာ ဘယ်လိုပုံစံတွေ ဖြစ်လာမှာလဲဆိုတာကိုတော့…
Translator - Aung Pyae Kyaw (Prometheus)
Encoded By ZeroKyaw SoeLwin
MMSUBTITLES.CO
Arrow Season 7
Episodes 1 to 22 End
General information
Original name
Arrow
Created by
Andrew Kreisberg, Greg Berlanti, Marc GuggenheimStarringDavid Ramsey, Echo Kellum, Emily Bett Rickards, Juliana Harkavy, Katie Cassidy, Rick Gonzalez, Stephen Amell
Arrow Season 7 ပြန်စပါပြီ…
Season 6 အစပိုင်းတလျောက်လုံး စိတ်ပျက်လာခဲ့သမျှကို
Season 6 နောက်ဆုံးပိုင်းတွေမှာတော့ ပြန်လည်ဆယ်ယူသွားခဲ့သလို
အခု Season 7 မှာ ပြန်ပြီးတော့ကြည့်လို့ကောင်းမလားဆိုတာ
စောင့်ကြည့်ရမှာပါ….
အစပိုင်းကိုပြောရရင်တော့ အိုလီဗာကွင်းထောင်ကျသွားတဲ့အပိုင်းကစပြီးပြောရမှာပါ…
ပြီးခဲ့တဲ စီဆင်တုန်းက သူ့အဖွဲ့ကိုလွှတ်ပေးလိုက်ပြီးတော့
သူတစ်ယောက်တည်းပဲ အပြစ်တွေစုခံခဲ့တဲ့ အဲရိုးတစ်ယောက်
ထောင်ထဲမှာ ၅လလောက်ရှိနေခဲ့ပါပြီ…
ကြောင်မရှိကြွက်ထဆိုသလို စတားစီးတီးမှာ အဲရိုးမရှိတော့တဲ့နောက်ပိုင်း
ရာဇ၀တ်မှု့တွေကို မနိုင်တော့သလို အကြမ်းဖက်မှု့တွေကလည်းများလာပါတယ်..
အဲရိုးအဖွဲ့လည်း ပြိုကွဲသွားခဲ့ပြီး ကို်ယ့်ဘ၀ကိုယ်ကြိုးစားရပ်တည်နေကြရပါတယ်..
အဲအချိန်မှာပဲ စိတ်၀င်စားမှု့တစ်ခုအနေနဲ့ကတော့
နောက်ထပ်အဲရိုးအသစ်တစ်ယောက်ပေါ်လာတာပါပဲ…
သူဟာ ဘယ်သူလဲ…. ဘယ်လိုအကြောင်းနဲ့ပေါ်လာတာလဲဆိုတာကတော့
အဲရိုးဖန်တိုင်း စဉ်းစားတတ်ကြမှာပါ….
ကျွန်တော်ကတော့ စဉ်းစားဆဲပါပဲ….
ဘာပဲဖြစ်ဖြစ် အဲရိုး ဒီစီဆင်မှာတော့ အစပိုင်းမှာစိတ်၀င်စားစရာတွေနဲ့ပြည့်နေပြီးတော့
ဒီအက်စ် ပြန်ပေါ်လာတာကိုလည်း မြင်ရမှာဖြစ်ပါတယ်…
Translator ….. Aye Mon Kyaw
Encoder ….. Moe Myint Lwin
အဲရိုး - အတွဲ ၇ (Arrow - Season 7)
ရုပ်သံဇာတ်လမ်းတွဲ အတွဲ
ဇာတ်လမ်းပိုင်း အရေအတွက်- ၂၂
မူရင်းထုတ်ဝေမှု- ၂၀၁၈၊ ၁၅ အောက်တိုဘာ –; ၂၀၁၉၊ ၁၃ မေ
မူရင်း နိုင်ငံ- ယူနိုက်တက်စတိတ်
CHANNEL MYANMAR
Episodes 1 to 10 End
5.8
General information
Original name
Arrow
Created by
Andrew Kreisberg, Greg Berlanti, Marc GuggenheimStarringBen Lewis, David Ramsey, Joseph David-Jones, Juliana Harkavy, Katherine McNamara, Katie Cassidy, LaMonica Garrett, Rick Gonzalez, Stephen Amell
Arrow Season 7 မှာ အိုလီဗာတစ်ယောက် Multiverse ကို ကယ်ဖို့အတွက်
Monitorနဲ့အတူ ထွက်သွားခဲ့တာ အကုန်လုံးသိကြမှာပါ။
အခု Season 8 အစမှာတော့ Oliver က တခြားကမ်ဘာတစ်ခုမှာ
Monitor ခိုင်းတဲ့အတိုင်း အဲဒီကမ်ဘာက အိုလီဗာကွင်းန်အယောင်ဆောင်ပြီး
လိုင်ယန်ယုကျွန်းပေါ်မှာ သွားနေနေခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကမ်ဘာက Earth-1 နဲ့ တော်တော်လေး ကွာခြားပါတယ်။
စပွိုင်လာဖြစ်မှာစိုးလို့ ဘယ်ကမ်ဘာမှန်းမပြောတော့ပါဘူး။
အိုလီဗာဟာ ၁၂ ကျော်လောက်ပျောက်ပြီးမှ ပြန်ပေါ်လာသလို ဖြစ်နေပါတယ်။
အဲဒီကမ်ဘာက အိုလီဗာအစစ်ကတော့ သေသွားခဲ့ပါပြီ။
အိုလီဗာမရှိတဲ့ကမ်ဘာက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ တာဝန်ထမ်းဆောင်ရင်းနဲ့
သူကိုယ်တိုင်တွေ့ရပါတော့တယ်။
အက်ရှင်ခန်းတွေကလည်း Season 1 တုန်းကလို ခပ်ကြမ်းကြမ်းတွေ ပြန်မြင်ရမှာပါ။
Crossoverအတွက် Crisis က ဒီအပိုင်းမှာကတည်းက အစပြုနေပါပြီ။
Final Season က ၁၀ ပိုင်းပဲထွက်ရှိတာဖြစ်ပါတယ်။
Review by Ye Man Aung
Translated by August
Encoded by Moe Myint Lwin
Arrow - အတွဲ ၈ (Arrow - Season 8)
ရုပ်သံဇာတ်လမ်းတွဲ အတွဲ
ဇာတ်လမ်းပိုင်း အရေအတွက်- ၁၀
မူရင်းထုတ်ဝေမှု- ၂၀၁၉၊ ၁၅ အောက်တိုဘာ –; ၂၀၂၀၊ ၂၈ ဇန်နဝါရီ
မူရင်း နိုင်ငံ- ယူနိုက်တက်စတိတ်
CHANNEL MYANMAR
No comments:
Post a Comment