ရိုးရိုးလေးပါပဲစကားလေးတစ်ခွန်း "အချစ်"တဲ့
ဖန်တီးယူလို့မရနိုင်သလိုဖျက်ဆီးပစ်လိုက်လို့လဲမရနိုင်ပြန်ဘူး
အဆိုးဆုံးကဥပေက္ခာပြုလိုက်လို့မရနိုင်တာပါပဲ...
ပိုင်ဆိုတဲ့ကောင်မလေးဟာ
သဘာဝကိုလွန်ဆန်နေတဲ့အရာမှန်သမျှကို
လက်ခံမပေးတတ်တဲ့မေမေချစ်သမီးလေးဖြစ်ပြီး
ကိုယ်တိုင်လဲ LGBT နဲ့ဆက်ဆံရတာ
စိတ်အနှောင့်ယှက်ဖြစ်တတ်သူပါ
ဒီလိုနဲ့ ပိုင်ရဲ့အခန်းဖော် Lesbian သူငယ်ချင်းနဲ့
မနေချင်လို့အခန်းပြောင်းလာခဲ့တယ်
ကင်မ်ကတော့ မိန်းကလေးဆန်ဆန်မနေတတ်ပေမယ့်
Tomboy တစ်ယောက်ပါလို့လဲလက်ခံမထားတဲ့သူ
ဟင်းတွေချက် အပင်တွေစိုက်နေရရင်ပျော်နေတတ်တဲ့သူ
သူနေရမယ့်အခန်းဖော်က Tomboy တွေကို
ယောကျာ်းလေးလိုမြင်ပြီးအနေကျပ်
မျက်မုန်းကျိုးတတ်တဲ့ ပိုင်ဖြစ်နေတဲ့အခါမှာတော့
ပိုင်ဟာတခန်းတည်းအတူနေတဲ့ကင်မ်ကို
အနိုင်ကျင့်နှိပ်စက်တတ်ပေမယ့်
တခြားမိန်းကလေးရဲ့ ဂရုစိုက်အရေးပေးမှုတွေကို
မိန်းကလေးပီပီ မသိစိတ်ထဲကမနာလိုဖြစ်တတ်လာပြီး
ကင်မ်ရဲ့နူးညံ့ပြီးကြင်နာတတ်တဲ့နှလုံးသားကို
သံယောဇဉ်ပိုမိခဲ့ပါတော့တယ်
တဖက်မှာလဲ အိမ်ကသဘောတူထားတဲ့သူရှိနေတဲ့အပြင်
ချစ်မိသွားတဲ့ ကင်မ်ကယောကျာ်းလေးမဟုတ်လို့
သူငယ်ချင်းတွေစနောက်ကြမှာ
အိမ်ကသိသွားမှာတွေးကြောက်နေပေမယ့်
အချစ်အတွက်ပိုင့်အတွက်ဆို
ဘာတွေပဲဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့ကင်မ်တို့ရဲ့ကြားမှာ
ဒီအချစ်တစ်ခုအတွက်ရင်ဆိုင်ဖို့သတ္တိတွေရှိလာမှာလား?
ပတ်ဝန်းကျင်မိဘအသိုင်းအဝိုင်းကရောလက်ခံပေးပါ့မလား?
ဒီဇာတ်လမ်းလေးဟာတိမ်ဆိုင်တွေလိုပဲနူးညံ့တဲ့
အချစ်ဆိုတဲ့ခံစားချက်လေးမှာ
ငြိတွယ်မိခဲ့ကြတဲ့နှလုံးသားတစ်စုံရဲ့အကြောင်းပါ
တကယ်တော့အချစ်မှာ
ချစ်မိသွားတဲ့နှလုံးသားတစ်စုံပဲလိုအပ်ပါတယ်...
“If one day that you'd be brave enough,
We'll fly together“🦋
Yes or No
၂၀၁၀ ရုပ်ရှင်
ပထမဆုံး ထုတ်ဝေသည့် ရက်- ၂၀၁၀၊ ၁၆ ဒီဇင်ဘာ (ထိုင်း)
ဒါရိုက်တာ- Sarasawadee Wongsompetch
ရုပ်ရှင်စီးရီးများ- Yes or No
တေးဂီတ ရေးစပ်သူ- Nimit Jitranon
ပင်တိုင် သီချင်း- If One Day You Have The Courage
Translated by Moe Z
FIV Entertainment Channel
No comments:
Post a Comment