Latest Movie :

Winners & Sinners (1983)My Lucky Stars (1985)Twinkle, Twinkle, Lucky Stars (1985)


Winners & Sinners (1983)
My Lucky Stars (1985)
Twinkle, Twinkle, Lucky Stars (1985)
=========================

Winners & Sinners (1983)

ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ်
5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ အဓိကသရုပ်ဆောင်အဖြစ်

ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက်

အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်

တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်

တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီး

မမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါ

တစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်

သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့

ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်

ဟို ၅ ယောက်ကကော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ

ဘာတွေလုပ်ကြမလဲပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့

စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့

အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး

ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်

ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာ

ဇာတ်လမ်း အညွန်းကိုတော့ pyae xein sett ကရေးသားပေးတာပါ

++++++++++++++++++++++++++++++++++++++++++
My Lucky Stars (1985)

ပထမကား မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Winner and Sinner ဟာ သူ့ရဲ့ဒုတိယကားအဖြစ် My Lucky star ကို ၂နှစ်အကြာမှာပဲ

ထပ်မံရိုက်ကူးခဲ့ ပါတယ် ဒီကားမှာလဲ ပထမ ကားက အလွဲ၅ကောင်ပဲ ဆက်လက် သရုပ်ဆောင်ထားပြီး သူတို့ရဲ့ ပြောင်မြောက်လှတဲ့ စုံထောက်ပညာတွေနဲ့ပဲ အစွမ်းပြ ဦးမှာပါ ဒီကားကိုတော့ ဂျပန်မှာသွားရောက်ရိုက်ကူးထားတာဖြစ် ပါတယ်

ဇာတ်လမ်းလေးကတော့ ဂျက်ကီချန်းဟာ ဟောင်ကောင်ရဲအရာရှိဖြစ်ပြီး သူဟာ ဂျပန်ခြစိုက် ရာကူဇာ ဂိုဏ်းကိုဖြိုခွဲဖို့အတွက်ကြိုးစားထောက်လှမ်းနေသူ

တယောက်ပါ တစ်နေ့မှာ သူ့ ပါတနာက လုပ်ကြံခံ လိုက်ရတဲ့အတွက် သူဟာ

မစ်ရှင်တခုအောင်မြင်ထားဖူးတဲ့ အလွဲ၅ကောင်ကို အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ် အဲ့သည်မှာ အလွဲ၅ကောင်က ဂျပန်ကိုလိုက်လာခဲ့တဲ့အခါမှာတော့ လူဆိုးဂိုဏ်းကိုပဲ ဖမ်းဆီးနိုင်မလား ဘယ်လိုအလွဲတွေလုပ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကကြည့်ရှူ ရမှာပါ

++++++++++++++++++++++++++++++++++++

Twinkle, Twinkle, Lucky Stars (1985)

1983 ခုနှစ်မှာထွက် ရှိခဲ့တဲ့ Winner & Sinner ရဲ့အဆက် ဒုတိယ

ကား My lucky star ရဲ့နောက်ဆက်တွဲအဖြစ် Twinkle Twinkle Lucky Star ကို ထပ်မံထွက်ရှိခဲ့ပါတယ်

ပထမ ၂ကားလိုပဲ အရူး ၅ယောက်ဟာ အလွဲတွေလုပ်ပြီး ဟာသတွေနဲ့အရွန်း

ဖောက်ပြီး ပရိတ်သတ်ကို မငြီးငွေ့စေပဲ တကားလုံးကို ဆွဲခေါ်သွားမှာပါ

ဇာတ်လမ်း အကျဉ်းလေးကတော့ ဟောင်ကောင်အစိုးရဟာ သက်သေရှာမရလို့လွတ်ထားရတဲ့ မူးယစ်ဆေးဂိုဏ်းကို ဖော်ထုပ်ဖို့အတွက် တလွဲ၅ယောက်ကို တဖက်လှည့် နဲ့ ထောင်ကလွတ်ပေးလိုက်ရပြန်ပါတယ် မက်လုံးအနေနဲ့ကတော့ ဒီအမူပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ရမှာပါ ကဲ ပရိတ်သတ်ကြီးရေ

အလွဲ၅ကောင်က ဘယ်လိုအလွဲတွေနဲ့ ပရိတ်သတ်ကြီးကို တခွီးခွီးရယ်နေစေမလဲဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါဦးလား

+++++++++++++++++++++++++++++++++++++++++++++

Translated by Shoon Thu Thu Chain,May Thu Aung
Encoded by Kyaw Ye Aung's Sir Nyeinsaeya Aung
#JackieChan

CHANNEL MYANMAR

No comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Telegram Movie Myanmar - All Rights Reserved
Template Created by Creating Website Published by The Original Blogger Tricks
Proudly powered by Blogger Template