Episodes 1 to 20 End
93% · AsianWiki
Google users 95% liked this TV show
သရုပ်ဆောင် Lee Hye-ri, Park Bo-gum, Go Kyung-pyo, Ryu Jun-yeol and Lee Dong-hwi. Wikipedia
First episode date: November 6, 2015
Final episode date: January 16, 2016
No. of episodes: 20 +1 special
Number of episodes: 20
Awards: Baeksang Arts Award for Best New Actor in TV, Baeksang Arts Award for Best TV Director
Reply 1988 ဇာတ်လမ်းအကျဉ်း ၁၉၈၈ ခုနှစ်ဟာ တောင်ကိုရီးယားနိုင်ငံအတွက် တော်တော်ထူးခြားတဲ့နှစ်ဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီနှစ်မှာ ဆိုးလ်အိုလံပစ်ပြိုင်ပွဲကို ကျင်းပခဲ့ပြီးတော့ နှစ်ပေါင်းများစွာ မကျင်းပဘဲထားခဲ့တဲ့ ၁၉၈၈ ကောလိပ်ပွဲတော်ကိုလည်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသား အများစုဟာလည်း နိုင်ငံပြင်ပကိုထွက်ခွာခွင့်ရခဲ့ပါတယ်၊ ၁၉၈၈ ခုနှစ်ဟာ တောင်ကိုရီးယားနိုင်ငံအတွက် သတင်းတွေ၊ ပညာရေးတွေနဲ့ အားကစားတွေအတွက် အလွန်ထူးခြားတဲ့ နှစ်ဖြစ်ရုံသာမက ဂီတနဲ့ ကေပေါ့ပ်ဆိုတဲ့ လှိုင်းလုံးကြီး စတင်ပေါ်ပေါက်ရာအချိန်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအချိန်ကာလတစ်ခုမှာ တောင်ကိုရီးယားလူငယ်တွေဟာ ဘယ်လိုအခြေအနေတွေနဲ့ ဖြတ်သန်းနေထိုင်ကြတယ်ဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ဖော်ကျူးတင်ပြထားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ့ဆွန်း၊ ဂျောင်ဟွမ်း၊ ဆွန်းဝူနဲ့ ဒံုံယောင်း တို့ဟာ အထက်တန်းကျောင်းသား/သူ တွေ ဖြစ်ကြပြီးတော့ ထက်ဆိုတဲ့ ကောင်လေးကတော့ ကျားထိုးအားကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူတို့ ၅ ဦးဟာ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ၊ သူတို့တွေဟာ အတူတူ ကြီးပြင်းခဲ့ကြပြီးတော့ အိမ်နီးချင်းတွေ ဖြစ်လာကြတာပါ၊ သူတို့ရဲ့ မိသားစုတွေကလည်း တော်တော်လေးကို ရင်းနှီးကြပါတယ်၊ သူတို့တွေဟာ အမြဲတမ်းအလိုလို ထက်ရဲ့ အခန်းမှာစုဖွဲ့ကြ၊ စကားတွေ ပြောလိုက်ကြနဲ့ ရှိခဲ့ကြတာပါ။ သူတို့ သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်ကောင် စရိုက်လေးတွေ ပြောပြပါ့မယ်။ ဒေါ့ဆွန်း ဒေါ့ဆွန်းတို့ မိသားစုကတော့ ဆင်းရဲရှာပါတယ်၊ မြေအောက်ထပ်လိုအခန်းထဲမှာ စုဖွဲ့နေရပါတယ်၊ ဒေါ့ဆွန်းရဲ့ အဖေ ဒုံအီဟာ လူတစ်ယောက်ရဲ့ အကြွေးကို အာမခံပေးရာကနေ ပိုက်ဆံတွေ ဆုံးရှုံးခဲ့ရပါတယ်။ မိသားစုရဲ့ နောက်ခံနဲ့ ငွေအင်အားက မတောင့်တင်းပေမယ့်လည်း ဒေါ့ဆွန်းဟာ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ပြီး သီချင်းသီဆိုတာန့ အကကို ခုံမင်နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမယ့် အမဖြစ်သူ ဘိုရာနဲ့တော့ တကျက်ကျက် ရန်ဖြစ်လေ့ရှိပါတယ်။ ဂျောင်ဟွမ် ဂျောင်းဟွမ်ရဲ့ မိသားစုကတော့ နေ့ချင်းညချင်းချမ်းသာလာတာပါ၊ ဂျောင်ဟွမ်ဟာ ဘောလုံးကစားတာကို အရူးအမူးခုံမင်နှစ်သက်သူဖြစ်ပါတယ်။ ဆွန်းဝူ ဆွန်းဝူကတော့ ကျောင်းမှာဆိုရင်စံပြကျောင်းသား၊ အိမ်မှာဆိုရင်တော့ လိမ္မာတဲ့သား၊ အစ်ကိုကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆွန်းဝူရဲ့ အမေဟာ ခင်ပွန်းသည် ကွယ်လွန်ခဲ့ပြီးချိန်ကတည်းက ဆွန်းဝူတို့ မောင်နှမကို ပြုစုစောင့်ရှောက်လာတာပါ။ ဒုံယောင်း ဒုံယောင်းကတော့ အက ကို ဝါသနာပါပြီးတော့ သူ့ရဲ့ သူငယ်ချင်းလေးယောက်နဲ့အတူ အမြဲတပူးပူး တတွဲတွဲပါ။ သူဟာ တက္ကသိုလ်ဝင်ခွင့် ရမှတ်နည်းခဲ့တဲ့အတွက် တက္ကသိုလ်တက်ခွင့် ကို လက်လွှတ်ခဲ့ ရသူလည်း ဖြစ်ပါတယ်။ ထက် ထက်တော့ ဘုရားသခင်လို့ သိကြတဲ့ နာမည်ပျော်တရုတ်ကျားထိုး အားကစားသမားတစ်ဦးဖြစ်ပါတယ်၊ ကျောင်းကနေ ထွက်ထွက်ရချိန်ကလည်းက ဒေါ့ဆွန်း၊ ဂျောင်ဟွမ်၊ ဆွန်းဝူ၊ ဒုံယောင်းတို့့သာလျှင် သူ့ရဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ကဲ နောက်ခံနဲ့ မိသားစုအခြေအနေတွေ မတူကြတဲ့ သူတို့ ၅ ဦးအကြားမှ ရုတ်တရက်ပေါ်ပေါက်လာတာ ချစ်ခြင်းမေတ္တာတရား ဖြစ်ပါတယ်။ အဲဒီချစ်ခြင်း မေတ္တာကြောင့် သူတို့တွေရဲ့ကြား သံယောဇဉ်ကြိုး ပျက်စီးသွားမလား၊ ဆက်လက်ခိုင်မြဲလာမလားဆိုတာ ဒီဇာတ်လမ်းတွဲထဲမှာ စောင့်ကြည့်နိုင်ပါတယ်။
Review by Waing Nay Oppa
Translated by - Daisy, Win Kyaw Thu & Khine Ni Ni Shein
Encoded by Thet Paing Oo & Win Kyaw Thu
FAMILY OF FILMS - FOF
Episodes 1 to 21 End
ဒီဇာတ်ကားထဲမှာ 👇👇👇👇
`Hwarang ´ထဲက မင်းသမီးလေး `Go Ara
´(နာဂျောင်း) ၊ `
Romantic doctor ´ ထဲက မင်းသားချောလေး `Yoon yoseok´(ယွန်းဆယ်တက္ကသိုလ် no 1 pitcher Chilbong၊ နာဂျောင်းကို crush နေသူ)
B1A4 leader Baro (Binggrae သူကရောဘယ်လိုဇာတ်ကောင်နေရာမှာပါဝင်ထားသလဲ သူ့crush ကရောဘယ်သူလဲ) ၊
Jun Woo ( နာဂျောင်းတစ်ဖတ်သတ်ချစ်ရတဲ့ ဆရာဝန် oppa) နဲ့
Son Ho Jun(မကြာသေးမီကထွက်ရှိထားတဲ့ Terius behind me ထဲက CEo မင်းသားချောလေး)
အခြားပရိသတ်တွေနဲ့ရင်းနှီးပြီးသားသရုပ်ဆောင်တွေအများကြီးပါဝင်ထားပါတယ်
🌟🌟🌟🌟ဇာတ်ကြောင်းလေးကတော့👇👇👇👇
ကိုရီးယားနိုင်ငံရဲ့ပြည်နယ်အသီးသီးကနေဆိုလ်းမှာတက္ကသိုလ်လာတက်ကြတဲ့တက္ကသိုလ်ကျောင်းသားလေးတွေ ရှင်းချွန်းမှာရှိတဲ့ share house
မှာအတူနေရင်းတကယ့်မိသားစုလိုချစ်ခင်သွားတဲ့အကြောင်းကို ၁၉၉၄ခုနှစ်နောက်ခံထားရိုက်ကူးထားတဲ့အချစ်ဟာသကားလေးဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာဆိုရင်၁၉၉၄ခုနှစ်မှာနာမည်ကြီးရေပန်းစားခဲ့တဲ့
Seo Taji and boysဆိုတဲ့ kpop group အကြောင်းရယ်Sampoongကုန်တိုက်ပြိုကျတဲ့အကြောင်းရယ်ကိုရီးယားလက်ရွေးစင်
ဘော့စ်ဘောကစားသမားအကြောင်းများကိုပါ ထည့်သွင်းရေးဖွဲ့ရိုက်ကူးထားပါတယ်
Reply-1997လိုပဲအတိတ်ကာလ1994နဲ့လက်
ရှိအချိန်2003ကအဖြစ်အပျက်တွေကို အချိတ်အဆက်မိမိရိုက်ကူးရင်း နာယောင်းရဲ့အမျိုးသားကဘယ်သူလဲ ဆိုတဲ့မြှုပ်ကွက်လေးရယ်ဘယ်သူမှမထင်ထားတဲ့အကြောင်းအရာလေးတစ်ခုရယ်ကိုခန့်မှန်းရင်း ရင်လဲခုန် ခွီးလဲခွီးရင်းကြည့်ရမယ့် အချစ်ဟာသကားလေးပါနော်😍😍😍😍
ဟာသကားဆိုလို့မroဘူးမထင်နဲ့နော်😛😛
Review and Translated by Zun Nandar Htike
Encoded by Yuzana Nyi
FAMILY OF FILMS - FOF
Episodes 1 to 16 End
2012 ရဲ့ ကြည့်ရှုသူနှုန်း rating အမြင့်ဆုံးနဲ့
Best Award များစွာဆွတ်ခူးရရှိထားခဲ့တဲ့
အကောင်းစား Drama တစ်ခုဖြစ်ပါတယ်
2012 ရဲ့ သာယာလွန်းတဲ့နေ့တစ်နေ့
လှပတဲ့ အကြောင်းတိုက်ဆိုက်မှုတစ်ခုအောက်မှာ
ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြတဲ့
တချိန်က ပျော်ရွှင်ကြည်နူးစွာ
ရင်းနှီးချစ်ခင်ပေါင်းသင်းလာခဲ့ကြတဲ့
သူငယ်ချင်းအုပ်စုတစ်စုရဲ့
လွန်ခဲ့သော 1997 အတိတ်က
သူတို့၏ ကျောင်းသားဘဝ အမှတ်ရစရာ
အခိုက်အတန့်တို့ကို ပြန်လည်တမ်းတ
လွမ်းဆွတ်သတိရမိခြင်းအား...
အခြေခံဇာတ်အိမ်တည်ထားတဲ့
Reply 1997 ဟာ
1997 ခုနစ်က
ကိုရီးယားအထက်တန်းကျောင်းသားတို့ရဲ့ဘဝက်ို
ထပ်ဟပ်ပြသထားတဲ့
1997 ခုနစ်သို့တမ်းခြင်း အဖြစ်အပျက်များကို
ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါ.
သည်ဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့
ShiWon ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ဘဝ..
ထိုခေတ်အခါက ဆယ်ကျော်သက်မိန်းကလေးတို့၏
အသည်းစွဲ Kpop အဖွဲ့ HOT Boy Band အပေါ်
သူမ၏ ရူးသွပ်စွာ ချစ်ခင်နှစ်သက်အားပေးမှုများဟာ
မိမိချစ်ရဲ့တဲ့ Idol အပေါ် ရူးသွပ်စွဲလမ်းစွာ
အားပေးကြတဲ့ ဆယ်ကျော်သက် မိန်းကလေးတို့ရဲ့
ဘဝ ခံစားချက် အဖြစ်အပျက် အကြောင်းအရာတို့ကို
အကောင်းဆုံး သိမြင်ခံစားကြည့်ရှုကြရမည့်
Reply 1997 မှာ
2012 ရဲ့ Best Drama Couple တစ်တွဲအဖြစ်
ရပ်တည်နိုင်ခဲ့သည်အထိ
Drama Fan တွေရဲ့အားပေးနှစ်သက်မှုကိုရရှိခဲ့ကြတဲ့
Main Lead နှစ်ယောက်ဖြစ်တဲ့
Seo In Guk နဲ့ Jung Eun Ji ( APink ) တို့က
ဘယ်လောက်ထိ အတွဲညီညီ လိုက်ဖက်စွာ
ပုံဖော်သရုပ်ဆောင်ထားတယ်ဆိုတာ...
ကြည့်ရှုပြီးသား fan လေးတွေရော..
မကြည့်ရှုဖူးသေးတဲ့ fan လေးတွေရော..
2012 ရဲ့ Best Drama လေးကို
အကောင်းဆုံး မြန်မာစာတန်းထိုးလေးဖြင့်
တမျိုးတမည် ပြန်လည်ခံစားရစေဖို့
FOF ကတင်ဆက်ပေးလိုက်ပါတယ် !
Reply 1997
တီဗီအစီအစဉ်
ပထမဆုံး ဇာတ်လမ်းပိုင်း လွှင့်သည့်ရက်- ၂၀၁၂၊ ၂၄ ဇူလိုင်
နောက်ဆုံးဇာတ်လမ်းပိုင်း ထုတ်လွှင့်ခဲ့သည့်နေ့- ၂၀၁၂၊ ၁၈ စက်တင်ဘာ
ဇာတ်လမ်းပိုင်း အရေအတွက်- ၁၆
ဘေးပန်းရလဒ်များ- Reply 1994၊ Reply 1988
အမျိုးအစားများ- အချစ်ဇာတ်လမ်း၊ ဟာသ၊ အရွယ်ရောက်ချိန်၊ Drama
Reviewed by📝 YAr ZAr ZawMoe
Translated by👩Khine Ni Ni Shein
Encoded by Win Kyaw Aumg MinThu
FAMILY OF FILMS - FOF
No comments:
Post a Comment