Netflix က လွင့်တဲ့ ဇာတ်ကားအများစုက ကောင်းတယ်ဆိုတာ အကုန်လုံး သိကြမှာပါ ဒီကားလေးက Netflix ကလွှင့်တဲ့ Japanese movie လေးပါ။ ပြောရမယ်ဆိုရင် ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့ အရမ်းကိုရိုးသားဖြူစင်တဲ့ Hatsumi ဆိုတဲ့ကောင်မလေးက အယုံလွယ်တတ်ပါတယ် သူပထမဆုံးချစ်မိတဲ့ အချစ်ဦးဆီမှာ မိသားစုပြသနာတွေကြောင့် အရှက်ခွဲခံရတော့ နာကျင်ရတယ် သူ့ကို အကူအညီပေးပြီး အရှိကို အရှိအတိုင်းလက်ခံပေးနိုင်တဲ့ ခွန်အားတွေပေးနိုင်တဲ့ Tachibana နဲ့ တွေ့တဲ့အခါ သူဘယ်လိုပြောင်းလဲသွားလဲ ဘယ်လိုခွန်အားတွေရလာသလဲ ဆိုတာ ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်စီးမျောသွားသလို ခံစားရမှာပါ.. နောက်ထပ် မဖြစ်နိုင်ပေမယ့် သူ့ကို အနစ်နာခံပြီး ချစ် နေပေးတဲ့ လူတစ်ယောက်လည်း ရှိနေသေးတဲ့အခါ.. ယောင်္ကျားလေးသုံးယောက်ထဲ ဘယ်သူ့ကို ရွေးချယ်မှာလဲ.. တစ်ချို့အခန်းလေးတွေက အရမ်းရိုပြီးတော့ အူယားစရာကောင်းလို့ စောင် ကိုက်ကြည့်နေရပါတယ်..😁 ဂျပန်အချစ်ကားကောင်းလေးတွေကို ကြိုက်တယ်ဆိုရင်တော့ လက်မလွတ်ပဲ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ… လူငယ်ဆန်ဆန်လေးဖြစ်ပြီး အနိမ့်အမြင့် အတက်အကျလေးတွေနဲ့ ပျင်းမသွားပါဘူး…. ဂျပန်စာ လေ့လာချင်တဲ့သူတွေအတွက်လည်း ကြည့်သင့်နဲ့ ကားကောင်းလေးတစ်ကားပါ..👍 ဇာတ်ကားလေးရဲ့ နာမည်ကတော့ Girl meets boy ဖြစ်ပြီး ကြာချိန်2 နာရီလောက်ရှိတဲ့ movie လေးဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment