Episodes 1 to 10 End
ဒီတစ်ခါထပ်မံတင်ဆက်ပေးမှာကတော့ Japanese Live Action Drama လေးပဲဖြစ်ပါတယ်ရှင့်..
“ A Story to Read When You First Fall in Love “
( Japanese Title - Hajimete Koi o Shita Hi ni Yomu Hanashi )
အပိုင်း ၁၀ ပိုင်းထဲသာပါဝင်ပေမဲ့လည်း ပရိတ်သတ်အကြိုက်တွေ့စေမယ့် ဇာတ်ဝင်ခန်းလေးတွေကတော့ အမိုက်စားပဲနော်..
အပိုင်းနည်းရတဲ့အကြောင်းရင်းကတော့ အားလုံးသိတဲ့အတိုင်းManga ဝတၳုတွေကို ပြန်လည်ပုံဖော်ထားတာကြောင့် စိတ်ကူးယဉ်ဆန်ဆန်အချစ် ဇာတ်လမ်းလေးပဲဆိုတာ အားလုံးခန့်မှန်းမိမှာပါ..
ဒါပေမဲ့ ထူးခြားတဲ့အချက်အနေနဲ့ ဘယ်ဇာတ်လမ်းတွဲ ဘယ် Manga တွေနဲ့မှမတူူပဲ ကွဲပြားနေတာလေးကတော့…
Junko Harumi လို့ခေါ်တဲ့ အသက် ၃၁ အရွယ် အမျိုးသမီးတစ်ယောက်ဟာ လက်ရှိမှာတော့
ပုဂ္ဂလိကအထက်တန်းကျောင်းတစ်ကျောင်းရဲ့ ဆရာမတစ်ယောက်ပါ.. Junko ဟာအထက်တန်းကျောင်းသူဘဝက ကျောင်းမှာ စံပြကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ Tokyo တက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ရာမှာတော့ Junkoတစ်ယောက် ကျရှုံးခဲ့ပါတယ်..
သူမရဲ့ မျှော်လင့်ချက်တွေပျက်သုန်းသွားတဲ့အချိန်ကနေစလို့ ယခု သူမအသက် ၃၁ နှစ်အရွယ်ထိရောက်တဲ့တိုင်အောင် သူမဟာ အဆင်ပြေချောမွေ့ခြင်းမရှိပဲခက်ခဲစွာ ဖြတ်သန်းခဲ့ရပါတယ်..
အဲ့ဒီအပြင် အနာဂတ်ခင်ပွန်းလောင်းရဲ့ လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့ Junko ဟာ ဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက် မျှော်လင့်ထားတဲ့ အချစ်ရေးကို မရရှိနိုင်ခဲ့ပဲ ကြိတ်မှိတ်ပြုံးရင်း သူမရဲ့ဘဝကြီးကိုအားတင်းကာဖြတ်ကျော်ခဲ့ရပါတယ်..
ဒီလိုနဲ့ တနေ့မှာ သူမရဲ့ ဘဝကြီးထဲကို မထင်မှတ်ထားတဲ့ လူသုံးဦးကတော့ တိုးဝင်လာခဲ့ပါတော့တယ်..
Kyohei Yuri ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ
Tokyo တက္ကသိုလ်ကို တက်ရောက်ဖို့ရည်မှန်းထားပြီး ကျောင်းမှာလည်း ဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက်ပါ..
Masashi Yakumo …သူကတော့ Smart ကျပြီး
ရုပ်ရည်လည်းပြေပြစ်တဲ့အပြင် လုပ်ငန်းတွေလည်းလုပ်ကိုင်နေပြီဖြစ်တဲ့ Junko နဲ့ ဝမ်းကွဲတစ်ယောက်လည်းဖြစ်သူပါ..
Kazuma Yamashita ကတော့ Junko လိုပဲ
အထက်တန်းကျောင်းဆရာတစ်ယောက်ပါ..၊ Yuri ရဲ့ဆရာလည်းဟုတ်ပါတယ်..
သူတို့သုံးဦးက ဆရာမလေး Junko ရဲ့ဘဝထဲကို ဘယ်လိုပုံစံမျိုးနဲ့ဝင်လာကြမှာလဲ..?
ဆိုးသွမ်းတဲ့ကျောင်းသားလေး Yuri ကရော သူရည်မှန်းထားတဲ့ Tokyo တက္ကသိုလ်ကို တက်ရောက်နိုင်ပါ့မလား..?
ဆရာမလေးရဲ့ အချစ်စစ်ကရော ဘယ်သူများဖြစ်နိုင်မှာလဲ..?
ဆရာမလေးက သူမထက်အသက်ဆယ်နှစ်ကျော်လောက်ကွာတဲ့ Yuri ကိုရွေးချယ်မှာလား..?
ဒါမှမဟုတ်..
Junko နဲ့အသက်ရွယ်တူဖြစ်တဲ့ Masashi နဲ့ Kazuma ကိုပဲရွေးချယ်သွားမလားဆိုတာ
N1 Channel မှာစောင့်မျှော်ကြည့်ရှုပေးပါရှင့်..
သရုပ်ဆောင်များအနေနဲ့ကတော့..
Junko Harumi ဆရာမလေးအဖြစ် ( Kyoko Fukada )
Kyohei Yuri ကျောင်းသားဆိုးလေးအဖြစ ် ( Ryusei Yokohama )
Masashi Yakumo လုပ်ငန်းရှင်လေးအဖြစ် ( Kento Nagayama )
Kazuma Yamashita အထက်တန်းကျောင်းဆရာလေးအဖြစ် ( Tomoya Nakamura )
တို့ကဦးဆောင်ပါဝင်ထားကြပါတယ်..
ဒီဇာတ်လမ်းလေးတစ်ခုမှာကိုပဲ မတူညီတဲ့ အသက်အရွယ်တစ်ခုချစ်ခြင်းမေတ္တာကို တဝကြီးကြည့်ရှုရမှာမို့လို့ မ နဲ့ မောင် ဇာတ်လမ်းလေးလို့ ညွှန်းပေးချင်ပါတယ်..
Profile
Drama: A Story to Read When You First Fall in Love (English title)
Romaji: Hajimete Koi o Shita Hi ni Yomu Hanashi
Japanese: 初めて恋をした日に読む話
Director: Ryosuke Fukuda
Writer: Aki Mochida (manga), Tomoko Yoshizawa
Network: TBS
Episodes: 10
Release Date: January 15 - March 19, 2019
Runtime: Tuesday 22:00
TV Ratings: 8.5%
Language: Japanese
Country: Japan
N1 Channel
No comments:
Post a Comment