Episodes 1 to 16 End
စုံထောက်ဇာတ်လမ်းတွဲတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ယခု2017ထွက်ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Time Travelနဲ့ မှုခင်းကားလေးကို တင်ပေးသွားပါမယ်။OCN ရုပ်သံလိုင်းမှ ထုတ်လွှင့်တာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ပရိသတ်တွေရင်းနှီးပြီးသား မင်းသားဖြစ်သူ "Choi Jin-Hyuk"အတူ "Yoon Hyun-Min"၊"Lee Yoo-Young"တို့က တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်။
¤ ဇာတ်လမ်းအကျဉ်း ¤
☆1985ခုနှစ်ကစလို့ စုံထောက်ဖြစ်သူ"Park Gwang-Ho"တို့ ရဲစခန်းနယ်မြေပိုင်နက်အတွင်း မိန်းကလေးတွေ တူညီတဲ့ပုံစံနဲ့ ထူးဆန်းစွာ သေဆုံးလာပါတယ်။
☆ထူးဆန်းတာက ဘယ်လိုမှသက်သေမရှိ၊ လက်ဗွေရာမကျန်ခဲ့တာမို့ စုံထောက်တွေအဖြေရှာမရဖြစ်ခဲ့ပြီး "Park Gwang-Ho"ညီမတစ်ယောက်လို ခင်မင်ရသူအပါအဝင် ထိုနှစ်အတွင်း(၄)ယောက် သေဆုံးခဲ့ပါတယ်။
☆1986ခုနှစ်ရောက်ချိန်မှာတော့ မိန်းကလေးအလောင်းတစ်ခု ထပ်မံပေါ်လာပြန်ပြီး ခြေထောက်ပေါ်ကအစက်(၆)စက်ကို စုံထောက်"Park Gwang-Ho" စတင်သတိပြုမိပါတော့တယ်။
☆တကယ်တော့ အရှေ့ကသေဆုံး(၄)ယောက်ရဲ့ ခြေထောက်မှာလဲပါ အစက်တွေပါနေပြီး လူသတ်သမားကအမှတ်အသားလုပ်ထားတာကို ဘယ်သူမှ သတိမပြုမိခဲ့တာပါ။
☆အစက်(၄)စက်နဲ့ (၆)စက်ကြားမှာ (၅)စက်ပါတဲ့အလောင်းက ဘယ်ရောက်နေသလဲ?
ဖြေရှင်းရခက်တဲ့အမှုရဲ့ ကွင်းဆက်လူသတ်တရားခံက ဘယ်သူဖြစ်မလဲ?
ဘာကြောင့် မိန်းကလေးတွေကို တူညီတဲ့ပုံစံနဲ့ သတ်နေရသလဲ?
☆တစ်ည မိန်းမအိမ်ကထွက်ခဲ့ပြီး လူသတ်သမားကိုခြေရာခံမိလို့ တရားခံပြေးဝင်သွားတဲ့လိုဏ်ခေါင်းထဲပြေးလိုက်ရင်း ဥမင်ရဲ့နောက်တစ်ဖက်မှာတော့ သူမသိတော့တဲ့တခြားကမ္ဘာအဖြစ် 2017ခုနှစ်ကိုရောက်ရှိလာပါတော့တယ်။
☆ဒီဘက်ကမ္ဘာမှာတော့ စုံထောက်ဖြစ်သူ"Kim Sun-Jae"၊တရားခံစိတ်ပညာရှင် ပရော်ဖက်ဆာ"Shin Jae-Yi"တို့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့တွေရဲ့အကူအညီနဲ့ ဒီဘက်ခေတ်ရောက်လာတဲ့ ထိုလူသတ်သမားကို ဘယ်လိုဖမ်းကြမလဲဆိုတာကတော့ .....
Tunnel
တီဗီအစီအစဉ်
ပထမဆုံး ဇာတ်လမ်းပိုင်း လွှင့်သည့်ရက်- ၂၀၁၇၊ ၂၅ မတ်
နောက်ဆုံးဇာတ်လမ်းပိုင်း ထုတ်လွှင့်ခဲ့သည့်နေ့- ၂၀၁၇၊ ၂၁ မေ
ဇာတ်လမ်းပိုင်း အရေအတွက်- ၁၆
ကွန်ရက်- OCN
အမျိုးအစားများ- Thriller၊ မှုခင်းရုပ်ရှင်
Review crd to k-drama movies
Translated by Zin Ko Htut & Starlight
Encoded by Zin Ko Htut
Quality..........720p
File size........370mb
GOLD CHANNEL MOVIES
No comments:
Post a Comment