Latest Movie :

The Pirates(2014)

The Pirates(2014)
BluRay 720p

ဒီမင်းသမီးချောလေးကိုဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..

တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်

ရီဆောင်ဂယ်က ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်

အသုံးပြုဖို့ တော်၀င်တံဆိပ်တုံးလည်းပေးလိုက်ပါတယ် တော်၀င်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ

လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်း

ဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်း

အလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးမြိုသွားပါတယ်….

တော်၀င်တံဆိပ်တုံးအတွက် ဘုရင်တပ်ဖွဲ့တွေ့ရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်

ဝေလငါးလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ

ဒီဇာတ်ကားရဲ့ ရိုက်ကွင်း ရှုခင်းရှုကွက်တွေလည်း အရမ်းလှပြီး ကိုးရီးယားကားတွေထဲမှာတာ့

တော်တော်လေးကို ကောင်းပါတယ်။

အတည်ပေါက်နဲ့ကို ဟာသတွေဖြစ်အောင်လည်း ရိုက်ပြသွားတယ်

၂၀၁၄ ခုနှစ်မှာတော့ ဒီဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု အကောင်းဆုံးမင်းသမီးဆု

အကောင်းဆုံးဇာတ်ပို့ဆု အကောင်းဆုံးဒါရိုက်တာဆု နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံးဆုတွေ

သိမ်းကျုံးယူသွားနိုင်ခဲ့တယ်

နောက်ဒီဇာတ်ကားရဲ့ ပင်လယ်ဓားပြကနေ တောပုန်းဓားပြ ပြောင်းလုပ်တဲ့ချွဲဘုန်းနေရာက

သရုပ်ဆောင်တဲ့ဇာတ်ပို့ဟာ တကယ်ကို တစ်ကားလုံး အသက်၀င်အောင် ဇာတ်ပို့ပေးနိုင်တဲ့အတွက်

ကိုးရီးယားမှာအကောင်းဆုံးရုပ်ရှင်ဆုတွေဖြစ်တဲ့Baeksang Art award, Grand Bell award တွေမှာ

အကောင်းဆုံးဇာတ်ပို့ဆုကို တစ်ယောက်တည်း သိမ်းပိုက်နိင်ခဲ့တဲ့အပြင်

6th korea flim award, 1st korea flim producer association awardက ချီးမြင့်တဲ့

အကောင်းဆုံးဇာတ်ပို့ဆုတွေကို ရခဲ့တယ်

ဒီဇာတ်ကားမှာ အကြိုက်ဆုံးစကားလေးကတော့ မင်းသမီးက ချွဲဘုန်းကို မှာလိုက်တဲ့ စကားလေးပါ

“တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ် သူခိုးဓားပြကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ”တဲ့

ပထမဆုံး ပြုံးမိသွားတယ် နောက်စဉ်းစားလေစဉ်းစားလေ ရီချင်လေပဲ ရီလိုက်ရတာမှ အူတွေကိုနာလို့

သူခိုးဓားပြကများ သူခိုးဓားပြကောင်းဖြစ်အောင်ကြိုးစားရဦးမယ်တဲ့

နောက်တော့အတွေးစလေး တစ်ခုရသွားတယ် သူပြောတာလည်းဟုတ်တာပါပဲ

ဘယ်ဘ၀ ဘယ်အခြေအနေကို ရောက်ရောက်ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပေါ့။

ဘုရင်တို့ စစ်သူကြီးတို့ဆိုတာ တကယ်တော့ လူအများက လေးစားအားကျဂုဏ်ယူရတဲ့ရာထူး နေရာတွေပါ

အားကိုးအားထိုက်ပြုရမယ့်သူတွေပါ အရင်ဦးဆုံး သူခိုးဓားပြထက်

စစ်သူကြီးတို့ ဘုရင်တို့ဖြစ်အောင် မကြိုးစားသင့်ဘူးလား

ဒါပေမယ့်ဘုရင်ကောင်း စစ်သူကြီးကောင်း မဖြစ်ကြလို့ ဒီလိုနေရာတွေမှာတောင်

ကောင်းအောင်မကြိုးစားတဲ့ရာထူးအာဏာရှိသူတွေကြောင့် ပြည်သူတွေပိုဒုက္ခ ရောက်ကြရတာမဟုတ်လား

ဝေးဝေးကြည့်နေစရာတောင်မလိုပါဘူး

ကျွန်တော်တို့နိုင်ငံတောင် ခေါင်းဆောင်ကောင်းတွေ မပီသခဲ့ကြလို့

ဘယ်လောက်တောင် နောက်ကျကျန်ရစ်ခဲ့ရသလဲ။

ဒါကြောင့် ဘယ်နေရာပဲ ဘယ်ဘ၀ပဲရောက်နေနေ ဘယ်အခြေအနေပဲဖြစ်ဖြစ် ကောင်းအောင်ကြိုးစားသင့်ပါတယ်

ဒီဇာတ်ကားလေးကြည့်ရှုပြီး ရယ်မောပျော်ရွင်ပြီး

ဘ၀အမောတွေပြေသလို အတုယူသင့်တာတွေယူပြီး

ရှောင်ကြဉ်သင့်တာလေးတွေလည်းရှောင်ကြဉ်နိုင်ကြပါစေ

The Pirates
၂၀၁၄ ရုပ်ရှင်
ပထမဆုံး ထုတ်ဝေသည့် ရက်- ၂၀၁၄၊ ၆ ဩဂုတ် (တောင်ကိုရီးယား)
ဒါရိုက်တာ- Lee Seok-hoon
ဆုများ- Grand Bell Award for Best Actress
ဆန်ခါတင် ရွေးချယ်ခံရသူများ- Blue Dragon Film Award for Best Supporting Actor
အမျိုးအစားများ- ဟာသ၊ အက်ရှင်၊ စွန့်စားခန်းရုပ်ရှင်၊ သမိုင်း

CHANNEL MYANMAR

No comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Telegram Movie Myanmar - All Rights Reserved
Template Created by Creating Website Published by The Original Blogger Tricks
Proudly powered by Blogger Template