Episodes 1 to 16 End
ဒီတခါမှာတော့ Legal drama တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Cast တွေက အားလုံးသိကြတဲ့ Miss Korea, Listen to Love,My Mister တို့က မင်းသား Lee Sun-kyun ၊
Abyss ထဲမှာ လူသတ်သမားအဖြစ်ပါ၀င်ထားတဲ့ မင်းသား Lee Sung-jae ၊My Strange Hero,Spring Turns to Spring,Trap တို့မှာပါ၀င်ထားတဲ့
မင်းသား Kim Kwang-kyu နဲ့ The Fiery Priest ထဲမှာ ဖာသာအဖြစ်ပါ၀င်တဲ့ မင်းသား Jeon Sung-woo တို့ဖြစ်ပြီး မင်းသမီးတွေကတော့ Medical Top Team,
Bubble Gum,Witch at Court,Wok of Love တို့လူသိများတဲ့ Jung Ryeo-won နဲ့ Mistress,Life,One Spring Night တို့ မှာပါ၀င်ထားတဲ့ Lee Sang-hee တို့ပဲဖြစ်ပါတယ်။
အပိုင်းအရေအတွက် (၁၆) ပိုင်း ပါ၀င်ဖြစ်ပြီး အပတ်စဉ် တင်္နလာနေ့နှင့် အင်္ဂါနေ့များမှာ jTBC ရုပ်သံမှာ ပြသလျှက်ရှိပါတယ်။
ဇာတ်လမ်းအကျဉ်းက - ဒီဇာတ်လမ်းဟာ ဆိုးလ်မှာရှိတဲ့ အမှုစစ်တွေ အလုပ်ပိုတွေနဲ့နေ့စဉ်ဘဝနေထိုင်မှုအကြောင်းလေးပဲဖြစ်ပါတယ်။
Lee Su Woong (Lee Sun kyun) က Jinyoung ခရိုင်ရှေ့နေရုံးမှာ အလုပ်လုပ်နေတဲ့ အမှုစစ်တစ်ယောက်ဖြစ်တယ်။ သူက အမှုစစ်ဆိုသော်လည်း
စိတ်အားထက်သန်မှုမရှိ၊ အောင်မြင်လိုစိတ်မရှိတဲ့သူ၊တစ်ချိန်တည်းမှာပဲ Cha Myung Joo (Jung Ryu Won) ဆိုတဲ့ အမှုစစ်မလေးကတော့
ဆိုးလ်ဗဟိုခရိုင်အစိုးရရှေ့နေရုံးမှာတော့ အတော်ဆုံး အမှုစစ်တစ်ယောက် ၊ အမှုတွေခြေရာကောက်ရာမှာ အမြန်ဆုံးလိုက်နိုင်သူလေးဖြစ်တယ်။
တစ်နေ့မှာတော့ Cha Myung Joo အမှုစစ်မလေးကို Jinyoung ခရိုင်ရှေ့နေရုံးကို ရုတ်တရက် ပြောင်းရွေ့ခံလိုက်ရလေရော။ အဲ့တော့ စိတ်အားထက်သန်မှုမရှိတဲ့အမှုစစ်နဲ့
အတော်ဆုံး အမှုစစ်မလေးတို့ဆုံတွေ့ကြရာမှာတော့ ဘယ်လိုဖြစ်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်..........
ကိုးရီးယားစီးရီးတွေဟာ အကြောင်းအရာတွေတူနေပေမဲ့လည်း ဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ပုဒ် မတူညီပဲ အမြဲဆန်းသစ်နေတာမို့
ဒီဇာတ်လမ်းဟာလည်း ပရိတ်သတ်အကြိုက်ဖြစ်နေမယ်လို့မျှော်လင့်ရင်း (1080p) quality နဲ့တင်ဆက်လိုက်ရပါတယ်။
Diary of a Prosecutor
တီဗီအစီအစဉ်
ပထမဆုံး ဇာတ်လမ်းပိုင်း လွှင့်သည့်ရက်- ၂၀၁၉၊ ၁၆ ဒီဇင်ဘာ
နောက်ဆုံးဇာတ်လမ်းပိုင်း ထုတ်လွှင့်ခဲ့သည့်နေ့- ၂၀၂၀၊ ၁၁ ဖေဖော်ဝါရီ
ဇာတ်လမ်းပိုင်း အရေအတွက်- ၁၆
အောက်ပါတို့မှ ရေးသားခဲ့သည်- လီဟွန်း
အမျိုးအစား- Legal drama
Quality - 1920p x 1080p
Subtilte - Myanmar [Hard Sub]
Review - ရမ်းဖြီး
KnKstore-Online
No comments:
Post a Comment